Monday, June 6, 2016

စိတ်ထားလို့စိတ်ရှိတယ်

                            မင်္ဂလာပါ။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤
စိတ်ထားလို့ စိတ်ရှိတယ်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤

လူနဲ့စိတ်နဲ့ မကပ်ဘူးဆိုတဲ့ စကားကို ကြာဖူးကြမှာပေါ့။
လူနဲ့စိတ်နဲ့ မကပ်သူဆိုတာ ဘယ်လိုလူမျိုးကို 
ခေါ်တာပါလဲဆိုရင် "ပုထုဇ္ဇနော ဥမ္မတ္တကော"။

ပုထုဇ္ဇနောဆိုတာက ဥမ္မတ္တကော၊ အရိယာမဖြစ်သေးတဲ့ 
ပုထုဇဉ်မှန်သမျှဟာ လူနဲ့စိတ်နဲ့ မကပ်တဲ့
ဥမ္မတ္တကတွေပါပဲ အရူးတွေပါပဲတဲ့။

များသောအားဖြင့်ကတော့ ပုထုဇဉ်တွေဆိုတာ
လမ်းလျှောက်နေရင် လမ်းလျှောက်တဲ့ဆီမှာ
စိတ်မရှိပါ၊ စိတ်မထားပါ။

လမ်းလျှောက်တဲ့အခါ လမ်းလျှောက်တဲ့ဆီမှာ
စိတ်မရှိရင်၊ အဲဒီလို စိတ်မထားရင် သတိလွတ်နေရင် 
ဥမ္မတ္တက အရူးလို့  ခေါ်ပါတယ်။

ထိုင်နေတော့လည်း ထိုင်တဲ့နေရာမှာ သတိမထား၊ သတိမရှိ၊ 
စိတ်မထား၊ စိတ်မရှိရင် အရူးလို့ခေါ်ပါတယ်။

အရူးမဟုတ်လို့ အကောင်းဆိုရင် ထိုင်နေတဲ့ဆီမှာ 
စိတ်ထားလို့ စိတ်ရှိရမယ်။

လမ်းလျှောက်နေတဲ့ဆီမှာ စိတ်ထားလို့စိတ်ရှိရမယ်။

လက်လှုပ်နေရင် လက်လှုပ်တဲ့ဆီမှာစိတ်ထားလို့စိတ်ရှိရမယ်။
အမှန်ကတော့ စိတ်ထားလို့ စိတ်ရှိတယ်ဆိုတာ အာရုံကို သတိထားလို့စိတ်မှာ သတိရှိလာတာကို ပြောတာပါ။
သတိထားရင် သတိရှိပါတယ်။

ဆရာတော် ဓမ္မဒူတ 
ဒေါက်တာအရှင်ဆေကိန္ဒ

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Thursday, June 2, 2016

ဒေါသမထွက်လိုက်ပါနဲ့

                             မင်္ဂလာပါ

တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။ ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲလို့ ဗုဒ္ဓကိုမေးတယ်။

ဗုဒ္ဓက – အသင် ပုဏ္ဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ ပုဏ္ဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူးတဲ့။

ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။
ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။
ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။

( ဆရာတော် ဦးဇောတိက )

တစက္ကန့်ဒေါသစကား
ပေးဆပ်ရသည်ကအလွန်များ
ဒေါသသည်အကိုသိုလ်တရားဖြစ်၏ပညာမျက်စိကန်းစေသောတရားဖြစ်၏
မိမိသန္တာန်အတွင်း၌ဒေါသဖြစ်လာပါကအကြောင်းအကျိုးအမှန်မသိတော့အကောင်းအဆိုးမခွဲခြားတတ်တော့အကျိုးစီပွားဖြစ်မည့်အရာကိုမဖြစ်ဟုထင်လာသည်မဖြစ်မည့်အကိုကိုဖြစ်မည့်ဟုထင်လာပြီးဖောက်ဖောက်ပြန်ပြန်မမှန်မကယူဆပြုလုပ်တတ်သဖြင့်မိမိရောသူတပါးပါပျက်စီတတ်ပါသည်။
သင်၏ဒေါသအမျက်ထွက်ခြင်းကိုသင့်ကိုမုန်းတီသောသူကသင်ပျက်စီးဆုံးရှုံးတော့မည်ကိုသိသဖြင့်ကြိုက်နှစ်သက်၏။ 
ဒေါသောအတ္ထံနဇာနာတိ"
ကိုယ့်ကာာကံကိုယ့်ထံပြန်
ကိုယ့်ဝစီကံကိုယ့်ထံပြန်
ကိုယ့်မနောကံကိုယ့်ထံပြန်
ပဲတင့်သံနှင့်အမှန်မလွဲတစ်ထပ်ထဲ
ကိုယ့်ထံသို့ပြန်သုံးပါးကံ
ကိုယ်သာဆင်းရဲခံရပြန်။
***အားလုံးသန္တာန်အမြင်မှန်အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့တရားတွေ့ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Thursday, May 26, 2016

ချစ်သူရှိတဲ့မိန်းကလေးများသတိထားဖို့

                                                                            မင်္ဂလာပါ။
       
လက်မထပ်ရသေးငြား
တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား
လွဲမှားခဲ့သော်
အရှက်ရလိမ့်

လက်မထပ်ရသေးငြား
တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ
မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား
အခွင့်အရေး
များမပေးနှင့်
ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်
အကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား
မည်သို့မည်ပုံ
ယုံအောင်လှည့်ဖျား
အတည်ယူမည်
ဘယ်သို့ယူမည်
ကြည်ဖြူပါဟု
သွေးသားအမှု
ခံခဲ့လေသော်
မယုံမှားနှင့်
ကိလေသာစိတ်
ခဏသာယာ
ပြီးခဲ့လေသော်
နောင်တတရား
ရင်ဝယ်ပိုက်
ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။ ။
ပြန်လည်မျှဝေခြင်းပါ။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Sunday, May 22, 2016

ရုပ်၂၈ပါးအဆက်

                       မင်္ဂလာပါ။

၎။လက္ခဏာရုပ် ၄-ပါး
၁။ဥပစယ = ရုပ်တို့၏ အစဖြစ်ခြင်းသဘော။
၂။သန္တတိ = ရုပ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်းသဘော။
၃။ဇရတာ = ရုပ်တို့၏ ရင့်ရော်ခြင်းသဘော။
၎။အနိစ္စတာ = ရုပ်တို့၏ ပျက်စီးခြင်း သဘောတို့ဖြစ်ကြသည်။
ဖော်ပြပါရုပ် ၁၀-ပါးကို အနိပ္ဖန္နရုပ်ဟုခေါ်သည်။အနိပ္ဖန္နရုပ် ၁၈-ပါး၊ အနိပ္ဖန္နရုပ် ၁၀-ပါး
ပေါင်းရုပ် ၂၈-ပါးဖြစ်သည်။ထိုရုပ် ၂၈-ပါးတွင် မဟုဘုတ် ၄-ပါးမှတပါး ကျန် ၂၄-ပါး
သောရုပ်တို့သည် မဟာဘုတ် ၄-ပါးကို မှီ၍သာ ဖြစ်သောကြောင့် အမှီရုပ်(ဥပါဒါရုပ်)
ဟုခေါ်သည်။

ရုပ် နာမ် သဘောအဓိပ္ပါယ်

နာမ်၏သဘောအဓိပ္ပါယ်
နာမ်မည်သော တရားများမှာ စိတ်၊စေတသိက်နှင့် နိဗ္ဗာန်တို့ဖြစ်ကြ၏။ထိုတရားများတွင်
စိတ်နှင့်စေတသိက်တို့သည် အာရုံသို့ညွှတ်တတ်၍ အာရုံကိုယူတတ်သိတတ်သောကြောင့်
နာမည်ကြ၏။နိဗ္ဗာန်မှာမူ အာရုံပြုတတ်သော တရားတို့ကို မိမိသို့ ညွတ်စေတတ်သောကြောင့်
နာမ် မည်၏။

ရုပ်၏သဘောအဓိပ္ပါယ်
အအေးအပူစသော ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့်ပြောင်းလဲဖောက်ပြန်သည့် သဘော
များကိုရုပ်ဟုခေါ်သည်။
ဖောက်ပြန်သည်ဆိုရာမှာ ရှေ့ရုပ်အစဉ်နှင့် မတူသောနောက်ရုပ်အစဉ်တစ်မျိုးဖြစ်ပေး ပြောင်းလဲ
သွားခြင်းဖြစ်သည်။
ထိုရုပ်များမှာ ဖော်ပြခဲ့သည့်အတိုင်း ၂၈-ပါးရှိသည်။

ရုပ် ၂၈ ပါးကိုဝေဖန်ခြင်း
ရူပဝိဘာဂ

*ရုပ်၂၈ပါးတို့သည် အလောဘအစရှိသော သမ္မယုတ်ဟိတ်မရှိသည်၏အဖြစ်ကြောင်း အဟေတုကလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် ကံ စိတ် ဥတု အဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့နှင့် တကွဖြစ်သောကြောင်း သပ္ပစ္စယလည်းမည်၏
*ရုပ်၂၈ပါးတို့သည် အာသဝေါတရားလေးပါးတို့၏အာရုံဖြစ်သောကြောင်း သာသဝလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် ကံ စိတ် ဥတု အဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ ပေါင်း၍ ပြုပြင်အပ်သောကြောင်း သင်္ခတမည်၏။
*ရုပ်၂၈ပါးတို့သည် ဥပါဒါန်၏ သင်္ခါရလောက၌အကျုံးဝင်သည်၏အဖြစ်ကြောင်း လောကီယလည်းမညမ၏။
*ရုပ်၂၈ပါးတို့သည် ကာမတဏှာ၏ကျင်လည်ရာဖြစ်သောကြောင်း ကာမာဝစရလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် အာရုံကိုမယူတတ်သည်၏အဖြစ်ကြောင်း အနာရမ္မဏလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် တဒင်္ဂပဟာန်  ဝိက္ခမ္ဘနပဟာန်  သမုစ္ဆေဒပဟာန် တို့၏ အစွမ်းအားဖြင့် မပယ်အပ်သည်၏အဖြစ်ကြောင်း အပ္ပဟာတဗ္ဗလည်းမည်၏။
*ပသာဒရုပ်၅ပါးသည် အဇ္ဈတ္တိကရုပ်မည်၏ ကြွင်းသောရုပ်၂၅ပါးသည် ဗာဟိရုပ်မည်၏။
*ပသာဒရုပ၅ပါး ဟဒယရုပ်၁ပါးသည် ဝတ္ထုရုပ်မည်၏ ကြွင်းသောရုပ် ၂၂ပါးသည် အဝတ္ထုမည်၏။
*ပသာဒရုပ်၅ပါး ဝိညတ်ရုပ် ၂ပါးသည် ဒွါရရုပ်မည်၏ ကြွင်းသောရုပ်၂၁ပါးသည် အဒွါရုပ်မည်၏။
*ပသာဒရုပ်၅ပါး ဘာဝရုပ်၂ပါး ဇိဝိတရုပ်၁ပါး သည်ဣန္ဒြိယရုပ်မည်၏  ကြွင်းသောရုပ်၂၀သည် အနိန္ဒြိယရုပ်မည်၏
*ပသာဒရုပ်၅ပါး ဝိသယရုပ်၇ပါး တို့သည် သြဠာရိကရုပ်လည်းမည်၏ သန္တိကေရုပ်လည်းမည်၏ သပ္ပဋိကရုပ်လည်းမည်၏  ကြွင်းသော ၁၆ပါးသောရုပ်သည် သုခုမရုပ် ဒူရေရုပ် အပ္ပဋိကရုပ်တို့မည်၏။
*ကမ္မဇ၁၈ပါးသည် ဥပါဒိန္နရုပ်မည်၏ ထိုမှတစ်ပါးသော တိဇရုပ်သည် မနုပါဒိန္နရုပ်မည်၏။
*ရူပါယတနိသည် သနဒဿ       နရုပ်မည်၏ ထိုမှကြွင်းသော၂၇ပါးသောရုပ်သည် အနိဒဿ             နရုပ်မည်၏
*ပသာဒရုပ်၅ပါးသည် ဂေါစရဂ္ဂါဟိကရုပ် ကြွင်းသောရုပ် ၂၃ပါးသည် အဂေါစရဂ္ဂါဟိကရုပ်မည်၏
*မဟာဘုတ်၎ပါး ဝဏ္ဏ ဂန္ဒ ရသ သြဇါ တည်းဟူသော ၈ပါးသောရုပ်သည် အဝိနိဘောဂရုပ်မည်၏ ကြွင်းသော၂၀သောရုပ်သည်  ဝိနိဘောဂရုပ်မည်၏။
**အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
                        မင်္ဂလာပါ။
ရုပ် ၂၈ပါး


မဟာဘုတ် ၄ ပါး
နိပ္ဖန္နရုပ် ၁၈-ပါး
၁။မဟာဘုတ် ၄-ပါး
၁။ပထဝီ = ခက်မာခြင်း၊နူးညံ့ခြင်းသဘော။
၂။အာပေါ = ဖွဲ့စည်းခြင်း၊ယိုစီးခြင်းသဘော။
၃။တေဇော = ပူခြင်း၊အေးခြင်းသဘော။
၎။ဝါယော = ထောက်ကန်ခြင်း၊ တွန်းတင်လှုပ်ရှားခြင်းသဘောတို့ဖြစ်သည်။

၂။ပသာဒရုပ် ၅-ပါး
၁။စက္ခုပသာဒ = မျက်စိအကြည်ရုပ်။
၂။သောတပသာဒ = နားအကြည်ရုပ်။
၃။ဃာနပသာဒ = နှာခေါင်းအကြည်ရုပ်။
၎။ဇိဝှါပသာဒ = လျှာအကြည်ရုပ်။
၅။ကာယပသာဒ = ကိုယ်အကြည်ရုပ်တို့ဖြစ်သည်။

၃။ဂေါစရရုပ် ၇-ပါး
၁။ရူပါရုံ = အဆင်းအရောင်အမျိုးမျိုး။
၂။သဒ္ဒါရုံ = အသံအမျိုးမျိုး။
၃။ဂန္ဓာရုံ = အနံ့အမျိုးမျိုး။
၎။ရသာရုံ = အရသာအမျိုးမျိုး။
၅။ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ အမျိုးမျိုး။
၆။ဖောဋ္ဌဗ္ဗာရုံ = ပထဝီ၊ တေဇော၊ ဝါယော
၇။ဖောဋ္ဌဗ္ဗာရုံ = ၃-ပါးတို့ဖြစ်သည်။
(မှတ်ချက်=ပထဝီ၊တေဇော၊ဝါယော ၃-ပါးသည် မဟာဘုတ် ၄-ပါးတွင် ပါဝင်ပြီး
ဖြစ်၍ နပ္ဖန္နရုပ် ၁၈-ပါးကို ရေတွက်ရာ၌ ဂေါစရရုပ်ကို ရူပါရုံမှ ရသာရုံထိ ၄-ပါးသာ
ရေတွက်ရသည်။

၎။ဘာဝရုပ် ၂-ပါး
၁။ဣတ္ထိဘာဝရုပ် = အမ သဘာဝကိုဖြစ်စေသောရုပ်။  
၂။ပုမ္ဘာဝရုပ် = အဖို သဘာဝကို ဖြစ်စေသောရုပ်တို့ဖြစ်သည်။
၅။ဟဒယရုပ် ၁-ပါး
၁။ဟဒယဝတ္ထု = စိတ်၏မှီရာနှလုံးအကြည်ရုပ်။

၆။ဇီဝိတရုပ် ၁-ပါး
၁။ရုပ်ဇီဝိတိနြေ္ဒ = ကံကြောင့်ဖြစ်သောရုပ်တို့ကို အသက်ရှင်အောင် စောင့်ရှောက်ခြင်း
သဘော(ရုပ်သက်)

၇။အဟာရရုပ် ၁-ပါး
၁။ကဗဠီကာရ အာဟာရ = စားသောက်ဖွယ်၌ပါသောအနှစ် အစေး သြဇာရုပ်။ဖော်ပြပါ
ရုပ် ၁၈-ပါးတို့ကို ကံ စိတ် ဥတု အဟာရတို့ကြောင့် ဖြစ်ပေါ်သောရုပ်များ
ဖြစ်၍ နိပ္ဖန္န ရုပ်ဟုခေါ်သည်။

အနိပ္ဖန္နရုပ် ၁၀-ပါး

၁။ပရိစ္ဆေဒရုပ် ၁-ပါး
၁။ပရိစ္ဆေဒရုပ် = အာကာသဓာတ် = ရုပ်ကလာပ်တို့ကိုပိုင်းခြားပေးသောရုပ်။

၂။ဝိညတ်ရုပ် ၂-ပါး
၁။ကာယဝိညတ် = မိမိ၏ဆန္ဒကို  သူတစ်ပါးတို့အား သိစေတတ်သော ကိုယ်အမူအရာ။
၂။ဝစီဝိညတ် = မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော နှုတ်အမူအရာ
တို့ဖြစ်သည်။

၃။ဝိကာရရုပ် ၅-ပါး
၁။လဟုတာ = ရုပ်တို့၏ပေါ့ပါးခြင်းသဘော။
၂။မုဒုတာ = ရုပ်တို့၏ နူးညံ့ခြင်းသဘော။
၃။ကမ္မညတာ = ရုပ်တို့၏ ခံ့ကျန်းခြင်းသဘော။
၎-၅။ဝိညတ်ရုပ် ၂-ပါး တို့ဖြစ်သည်။

မှတ်ချက်=ဝိညတ်ရုပ် ၂-ပါးမှာ ကာယဝိညတ် ဝစီဝိညတ်အဖြစ် သီးခြားပါပြီးဖြစ်သည်။
***ဆက်ရန်ရှိသေးသည်။
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

ဘယ်အရာကိုမှမစွဲလမ်းပါနဲ့

                           မင်္ဂလာပါ။
                    ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
                    ဓမ္မံ သရဏံ ဂစ္ဆာမိ။
                   သံဃံ သရဏံ ဂစ္ဆာမိ။

တွယ်တာမှုကို စွန့်လွှတ်နိုင်မှုနဲ့ပဲ လျော့ချရပါမယ်။
မဟုတ်ရင် တွယ်တာမှုဆိုတာ ...ကြာလေချည်နှောင်ခံရလေ ဖြစ်ပြီး
အဲဒီကတဆင့် ပူလောင်မှုအထိ ဖြစ်စေတော့တာပါ။

တွယ်တာမှုရဲ့သဘောက လူကိုပဲတွယ်တွယ်၊ပစ္စည်းဝတ္ထုကိုပဲတွယ်တွယ် အတွယ်များရင်
အပါယ်အထိတောင် သွားစေတတ်ပါတယ်။

တခါတလေ တစ်ချို့အရာတွေဟာ
အလွန်အကျွံ တွယ်တာမိလိုက်တဲ့အတွက် အဲဒီ ကိုယ်တွယ်ထား၊
ကိုယ်မြတ်နိုးတန်ဘိုးထားတဲ့ အရာတစ်ခု ပျက်ဆီးမှုနဲ့ကြုံတဲ့အခါ
တရားမရှိတဲ့သူဆို ရူးကြောင်ကြောင်တောင်
ဖြစ်သွားတတ်ပါတယ်။

အဲ တွယ်တာမှုကို စွန့်လွှတ်နိုင်တဲ့
စွမ်းအားရှိတဲ့သူကျတော့ ဖြေဆည်ရာကို တရားနဲ့ ရှာသွားနိုင်တော့တာပဲ ဖြစ်ပါတယ်။

စွန့်လွှတ်နိုင်မှုဟာ ရယူလိုမှုကိုလည်း လျော့ချနိုင်သလို ၊
တွယ်တာမှုကြောင့် ခံစားရတဲ့ ပူလောင်မှုကိုလည်း လျော့ချနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် အပူသက်သာချင်ရင် တွယ်ထားတဲ့ အရာမှန်သမျှ စွန့်လွှတ်မှုနဲ့ လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။
ကျနော်နောက်ထက်ပြောချင်တာက
 အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။
အဲတော့ဘာကိုဥပေက္ခာပြုသင့်တာကိုပြုကြဖို့ပဲလိုပါတော့တယ်။

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Saturday, May 21, 2016

စိတ်အလိုမလိုက်မိစေနဲ့

                         
                              မင်္ဂလာပါ။
                      ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

                      ဓမ္မံ သရဏံ ဂစ္ဆာမိ။

                      သံဃံ သရဏံ ဂစ္ဆာမိ။
                    ****စိတ်အလိုမလိုက်မိစေနဲ့*****

တဒင်္ဂဆင်းရဲကို ကြောက်ပြီး သံသရာတစ်လျှောက် ချမ်းသာပျောက်မယ့်အလုပ်မျိုး မလုပ်မိပါစေနဲ့။
အခိုက်အတန့် သာယာမှုနောက်ကိုလိုက်ပြီး ဘဝနဲ့ရင်းကာ ပေးဆပ်ရမယ့် အကျင့်ဖောက်ဖျက်မှုမျိုးကို မကျူးလွန်မိပါစေနဲ့။
တစ်နပ်တစ်ပွဲ စားရုံလောက်လေးအတွက် သံသရာနဲ့ချီးပြီး ပေးဆပ်ရတာတွေ မဖြစ်မိပါစေနဲ့။

ဘဝမှာ ဘယ်လောက်ပဲဆိုးဆိုး အိုနာသေးဘေးလောက် ဆိုးတာမရှိတော့ပါဘူး။ အိုဘေး၊ နာဘေး၊ သေဘေးဆိုတာ မိဘနဲ့သားသမီးတောင်မှ သူ့ကိုယ်မကယ်နိုင် ကိုယ့်သူမကယ်နိုင်တဲ့ ဘေးမျိုးပါ။

ဒါကြောင့် အဆိုးဆုံး ဘေးတွေကို ပိုင်ဆိုင်ထားမှတော့ ကျန်တဲ့အဆင်မပြေမှုဆိုတာ ဘာမှမပြောပလောက်တော့ပါဘူး။ ဒီလို မပြောပလောက်တဲ့ အဆင်မပြေမှုလောက်နဲ့ ကိုယ့်ဘဝကို သံသရာမှာမှောက်မဲ့အထိ မိုက်လုံးမကြီးကြဖို့ သတိပြုဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။
ပြောချင်တာကစိတ်အလိုမလိုက်မိပါစေနဲ့လိုပြောချင်ပါတယ်
***အာလုံးသန္တာန်အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

ဗဟုသုတများရပြီးနောက်

               မင်္ဂလာပါ။
        ဗုဒ္ဓ သရဏံ ဂစ္ဆာမိ။
        ဓမံ္မ သရဏံ ဂစ္ဆာမိ။
        သံဃံ သရဏံ ဂစ္ဆာမိ။
မင်္ဂလာပါ
မြတ်စွာဘုရားရှင်ကပဋ္ဌာန်းဒေသနာမှာ---
သုတံသဒ္ဓါယသီလဿ
သုတဿစာဂဿ
ပညာယ ဥပနိဿယ
ပစ္စယေန ပစ္စယော
လို့ဟောထားပါတယ်။
လေ့လာသင်ကြားနာကြားအပ်ပြီးတဲ့ဗဟုသုတကနေပြီး
၁။သဒ္ဓါတရား
၂။သီလတရား
၃။သုတတရား
၎။စာဂတရား
၅။ပညာတရားဆိုတဲ့အကျိုးတရားစွမ်းထပ်ဆင့်ပေါ်ပေါက်လာအောင်ကျေးဇူးပြုပါလိမ့်မယ်တဲ့။ဗဟုသုတကိုအရင်းခံပြီးရတနာသုံးပါးကောင်းတဲ့ကံမကောင်းတဲ့ကံ
ကံ-ကံရဲ့အကျိုးတွေကို
ယုံကြည်မှုဆိုတဲ့သဒ္ဓါတရား။
ကိုယ့်သန္တာန်မှာသဒ္ဓါပေါ်ပေါက်လာပြီဆိုရင်
ဒါန သီလ ဘာဝနာစတဲ့
ကုသိုလ်တွေလမ်းပွင့်သွားပါပြီး။
မြင့်မြတ်တဲ့လူသားဆိုတာအကြားအမြင်းဗဟုသုတအထိုက်အလျောက်ပြည့်စုံရပါမယ်။
အကြားအမြင်ကိုကြားမြင်လိုမှုဟာအကြားအမြင်ကိုပွားများစေတယ်။
တစ်ဖန်အကြားအမြင်ကအသိပညာကိုထပ်ဆင့်တိုးပွားစေပါတယ်။
အသိပညာနဲ့လောကဓမ္မရဲ့အနက်အဓိပ္ပာယ်ကိုသိစေပြီးသိထားတဲ့အနက်အဓိပ္ပာယ်ဟာလောကဓမ္မချမ်းသာကိုဆောင်ပေးပါတယ်။
အဲတော့ဗဟုသုတကိုများများရှားပါလိုတိုက်တွန်းလိုက်ပရစေ-- 
###                #####                #####
ဘဝဆိုတာဘာလဲ
မွေးဖွားခြင်းမှတ်တိုင်နဲ့သေဆုံးခြင်းမှတ်တိုင်နှစ်ခုအကြားတည်ရှိနေတာကိုဘဝလိုခေါ်ပါတယ်
ဘဝအရှိမှာဓမ္မအသိဘဝလမ်းမှာဓမ္မပန်းဆိုတာလို့ဘဝနဲ့ဓမ္မပေါင်းစပ်ထားပါမှဘဝခရီးဟာအဆင်ပြေမှာပါဘဝတစ်ခြားဓမ္မတစ်ခြားဘဝနဲ့ဓမ္မတစ်ခြားစီမဖြစ်စေရပါဘူး
လူသားတွေရဲ့အသက်ဟာကွေးသောလက်မဆန့်ခင်ဆန့်သောလက်မကွေးခင်မမျှော်လင့်ဘဲဖြုန်းကနဲ့သေနိုင်တာမို့အင်းမတန်တိုတောင်လှတဲ့အတွက်
ဘဝအရှိမှာဓမ္မအသိနဲ့ဘဝလမ်းကိုဓမ္မပန်းနဲ့လျှောက်ကြပါစို့အကျိုးဆော်၍နိုးစော်လိုက်ရပါသည်။
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

မှတ်သားစရာများ

             မင်္ဂလာပါ။
          ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

          ဓမ္မံ သရဏံ ဂစ္ဆာမိ။

          သံဃံ သရဏံ ဂစ္ဆာမိ။

*****မတိုင်ပင်အပ်သော သူ ( ၅ ) ယောက်*****
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မိန်းမကျူးသောသူ တစ်ယောက်
၂။ သေရည်သောက်စား သူတစ်ယောက်
၃။ အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၎။ အမျက်ဒေါသကြီးသူ တစ်ယောက်
၅။ မလိမ္မာသောသူ တစ်ယောက်

ပညာရှိများ၏ ပျက်စီးရခြင်း အကြောင်း( ၃ ) ပါး
••••••••••••••••••••••••••••••••••••••••••
၁။ ယုတ်မာသောသူကို ပညာသင်မိသောကြောင့်
ပျက်စီးရခြင်း
၂။ မကောင်းသောမိန်းမ မယားပြုမိသောကြောင့်
ပျက်စီးရခြင်း
၃။ မသူတော်နှင့်ပေါင်းမိသောကြောင့် ပျက်စီးရခြင်း

မတင့်တယ်သော အရာ ( ၈ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မင်းမရှိသည့် တိုင်းပြည်
၂။ ရေမရှိသည့် မြစ်
၃။ သစ်မရှိသည့် တောခြောက်
၎။ အတောက်မရှိသည့် မီး
၅။ စည်းမရှိသည့် ရွာ
၆။ ကြာမရှိသည့် ကန်
၇။ အောင်လံမတည်သည့် ရထား
၈။ လင်မရှိသည့် မိန်းမ

ပစ္စည်းယိုပေါက် ( ၆ ) ခု
••••••••••••••••••••••
၁။ ပျင်းရှိခြင်း
၂။ မေ့လျော့ပေါ့ဆခြင်း
၃။ အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၎။ အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅။ စည်းကမ်းမရှိခြင်း
၆။ အလုပ်ကို အချိန်မှီ မပြီးစီးခြင်း
####            ####           ####
****ရောဂါ ပျောက်ငြိမ်းကြောင်း တရား ၁၀-ပါး။*****
 ဒသင်္ဂုတ္တရ ။ပါ။ ၃၄၂။ ဋ္ဌ။ ၃၁၇။ ဂိရိမာနန္ဒသုတ်၌ ရောဂါပျောက်ငြိမ်းရေးအတွက် ၎င်းင်းသညာ ၁၀-ပါးကိုဟောကြားညွန်ပြတော်မူ၏။
(၁) အနိစ္စ သညာ - သင်္ခါရတရား၏မမြဲစွဲမှု၌ပွားရှုမှတ်ခြင်း၊
(၂) အနတ္တသညာ- အစိုင်အခဲမြဲစွဲစွာ မတည်နေခြင်း ဟူသော၊
(၃) အသုဘ သညာ - မတင့်တယ်ဟူသော
(၄) အာဒီန၀ သညာ - ကိုးစားရာ မရှိ ဆင်းရဲအတိဟူသော၊
(၅) ပဟာန သညာ- ပယ်ရှားစွန့်ပစ်ရေး ဟူသော၊
(၆) ၀ိရာဂ သညာ - တပ်မက်ကင်းရေးဟူသော၊
(၇) နိရောဓ သညာ - ချုပ်ငြိမ်း ပြတ်စဲခြင်း ဟူသော၊
(၈) အန ဘိရတိ သညာ - လောကကြီး၌မွေ့လျော်ဘွယ်မရှိဟူသော၊
(၉) အနိစ္ဆာ သညာ - ပြုပြင်ရသော လောက၌အလိုမဲ့ခြင်း၊
(၁၀) အာနာပါနဿတိ - ထွက်သက်ဝင်သက်ကို အောက်မေ့ခြင်း။
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Wednesday, March 9, 2016

အလှူဒါနကိုခံထိုက်သူ၁၄ပါး

                    မင်္ဂလာပါ
                ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

                ဓမ္မံ သရဏံ ဂစ္ဆာမိ။

               သံဃံ သရဏံ ဂစ္ဆာမိ။
           ****အလှူဒါနခံထိုက်သူ၁၄ပါး****
၁။တိရစ္ဆာန်
၂။မုဆိုး တံငါ စသော သီလမရှိသောလူပုဂ္ဂိုလ်များ
၃။ငါးပါးသီလမြဲသူများ
၎။သာသနာပအခါဈာန်အဘိညာဉ်ရသောရသေ့ပရိဗိုဇ်များ
၅။သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
၆။သကဒါဂါမိ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်
၇။အနာဂါမိလ မဂ္ဂဠာန် ပုဂ္ဂိုလ်
၈။အရဟတ္တ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်
၉။သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်
၁၀။သကဒါဂါမိ ဖလဋ္ဌာန် ပုဂ္ဂိုလ်
၁၁။အနာဂါမိ ဖလဋ္ဌာန် ပုဂ္ဂိုလ်
၁၂။အရဟတ္တ ဖလဋ္ဌာန် ပုဂ္ဂိုလ်(ရဟန္တာ)
၁၃။ပစ္စေကဗုဒ္ဓခေါ်သော ဘုရားငယ်
၁၄။သဗ္ဗညုတမြတ်စွာဘုရား ဟူ၍ ဖြစ်သည်။
 ***ယင်းအလှူခံပုဂ္ဂိုလ်၁၄ပါးတွင်မည်သည့်ပုဂ္ဂိုလ်အားလှူသည်ဖြစ်စေ ဒါနမြောက်သည်ဖြစ်၏။
***သို့ရာတွင်အကျိုးပေးရာ၌ထက်သန်မှု ကြီးမားမှု ပမာဏမှုကား ခြားမှုရှိလေ၏။

                      ****အလှူခံပုဂ္ဂိုလ် ပယ်ရမည့် တရားငါးပါး****

၁။အာရုံငါးပါး လိုလားနှစ်သက်မှု ကာမစ္ဆန္ဒကိုပယ်ခြင်း။
၂။ပျက်စိးစေလိုမှု ဗျာပါဒကို ပယ်ခြင်း။
၃။ထိုင်းမှိုင်းငိုက်မျဉ်းမှု ထိန မိဒ္ဓကို ပယ်ခြင်း။
၎။ပျံ့လွင့်မှုနောင်တ ပူပန်မှု ဥဒ္ဓစ္စ-ကုက္ကုစ္စကို ပယ်ခြင်း။
၅။ယုံမှားသံသယရှိမှု ဝိစိကိစ္ဆာကို ပယ်ခြင်း။

              ****အလှူခံပုဂ္ဂိုလ် ပြည်စုံရမည့် ဂုဏ်အင်္ဂါငါးပါး****

၁။သီလနှင့်ပြည်စုံခြင်း။
၂။သမာဓိနှင့်ပြည့်စုံခြင်း။
၃။ပညာနှင့်ပြည့်စုံခြင်း။
၎။တမက်ခြင်းတဏှာမှ လွတ်မြောက်မှု ဝိမုတ္တိနှင့်ပြည့်စုံခြင်း။
၅။ဝိမုတ္တိဉာဏ်အမြင်နှင့် ပြည့်စုံခြင်း တို့ဖြစ်၏။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Friday, March 4, 2016

အဒိန္နာဒါနကံ ရှောင်ကြဉ်ခြင်းအကျိုး

                   မင်္ဂလာပါ
               ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

               ဓမ္မံ သရဏံ ဂစ္ဆာမိ။

              သံဃံ သရဏံ ဂစ္ဆာမိ။
 
               ***အဒိန္နာဒါနကံ ရှောင်ကြဉ်ခြင်းအကျိုး***
၁။ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝခြင်း။

၂။ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း။

၃။ငတ်မွတ်ခြင်းဘေးမှကင်းခြင်း။

၎။အလိုရှိသောအရာကို လျင်မြန်စွာရနိုင်ခြင်း။

၅။ကူးသန်းရောင်ဝယ်မှု စသည်တို့ကြောင့်စည်စိမ်ဥစ္စာများပွားများခြင်း။

၆။ရေlမီးlမင်းlခိုးသူlမချစ်မနှစ်သက်အပ်သောအမွေခံသားဆိုးသမီးဆိုးဟူသောရန်သူမျိုးငါးပါးကြောင့်မိမိလုံလစိုက်ထုပ်၍ရှာကြံထားအပ်သောပစ္စည်းဥစ္စာ မပျက်ပြားရခြင်းစသောကောင်းကျိုးချမ်းသာများကို ခံစားရ၏။

(သူ့ဥစ္စာကိုခိုးသူကပစ္စည်းဥစ္စာမပြည်မစုံမွဲတေခြင်းစသောမကောင်းကျိုးများခံစားရခြင်းစသည့်ပြန်သောမကောင်းကျိုးများခံစားရပုံကို နည်းမှီပြန်၍သိလေ)

***ဆောင်ပုဒ်=သူ့ဥစ္စာစု ခိုးမှုရှောင်တုံ
                        ပစ္စည်းဥစ္စာ ကြွယ်ဝပြည်စုံ
                        ကိုယ်စိတ်နှစ်ဝ ချမ်းသာမှတ်ကုန်
                        ငတ်မွတ်ကင်း လျင်ခြင်းရလေကုန်။
                        ရောင်းဝယ်အမှု ပြုကြလေရာ
                        စည်းစိမ်ဥစ္စာ များစွာရပါ
                        ရန်သူမျိုးထွက် မပျက်ဘောဂါ
                        ကျူးလွန်ကာ ပြန်ထဆိုးကျိုးဖြာ။
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Tuesday, March 1, 2016

ကံငါးပါးရှောင်ကြည်ခြင်းအကျိုးများ

                                 မင်္ဂလာပါ

                                ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

                                ဓမ္မံ သရဏံ ဂစ္ဆာမိ။

                                သံဃံ သရဏံ ဂစ္ဆာမိ။

                    ***ပါဏာတိပါတာကံရှောင်ကြဉ်ခြင်းအကျိုး***
၁။မျက်စိ နား နှာ အင်္ဂါခြေလက်နှင့်ပြည့်စုံခြင်း။

၂။ဖြစ်လေရာဘဝ၌ ရုပ်ဝါသွင်ပြင် လန်းရွှင်စိုပြည် ကျက်သရေရှိခြင်း။

၃။အားခွန်ဗလ ကြီးမားခြင်း။

၎။အရာရာ၌ လျင်မြန်ဖျက်လတ်ခြင်း။

၅။ဘေးရန်ပေါ် ပေါက်သော် မကြောက်မရွံ့ နောက်မတွန့်ပဲ ထိုဘေးရန်မှကျော်လွှားနိုင်ခြင်း။

၆။သူတပါးပယောဂနှင့် မသေရခြင်း ကိုယ့်ကိုယ်ကို သတ်မသေရခြင်း။

၇။အနာရောဂါကင်းခြင်း

၈။အခြွေအရံ များစွာတည်ရှိခြင်း။

၉။အသက်ရှည်ခြင်း စသော ကောင်းကျိုးချမ်းသာများကို ခံစားရ၏။
            (ပါဏာတိပါတာကံကို ကျူးလွန်က မျက်စိ နား နှာ အင်္ဂါခြေလက်ချွတ်ယွင်းတတ်ခြင်းစသောမကောင်းကျိုးများခံစားရခြင်းစသည့်ပြန်သောမကောင်းကျိုးများကိုမှီ၍သိလေ။)

***ဆောင်ပုဒ်=သူသတ်သတ်မှု ရှောင်ပြုလေတုံ
                       အင်္ဂါပြည့်လတ် ရုပ်ဓာတ်ပြည့်စုံ
                       အားအင်းပြည့်လျင်း လျင်ခြင်းတစ်ဖုံ
                       မကြောက်ဘေး သတ်ရေးလတ်မြောက်ကုန်။
                       အနာကင်းလတ် များလတ်ခြွေရံ
                       အသတ်ရှည်ခြင်း မှတ်လျင်းတစ်တန်
                       ကောင်းကျိုးကိုးဝ မရထဧကန်
                       ကျူးလွန်က ပြန်ထဆိုးကျိုးရံ။

***အားလုံးသန္တန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Thursday, February 4, 2016

ပါရမီဆယ်ပါး

               မင်္ဂလာပါ
             ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

             ဓမ္မံ သရဏံ ဂစ္ဆာမိ။

             သံဃံ သရဏံ ဂစ္ဆာမိ။

                       ***ပါရမီဆယ်ပါး***
၁။ဒါနပါရမီ=အလှူပေးခြင်း
၂။သီလပါရမီ=ကိုယ့်ကျင့်သီလစောင့်ထိန်းခြင်း
၃။နေက္ခမ္မပါရမီ=တောထွက်ခြင်းမကောင်းမှုမှရှောင်ခြင်း
၎။ပညာပါရမီ=ပညာဖြင့်အများအကျိုးသယ်ပိုခြင်း
၅။ဝီရိယပါရမီ=ကြိုးစားအာထုတ်ခြင်း
၆။ခန္ဓီပါရမီ=သည်းခံခြင်း
၇။သစ္စာပါရမီ=မုသာကင်းအောင်ကျင့်ခြင်း
၈။အဓိဋ္ဌာန်ပါရမီ=စိတ်ဓာတ်ခိုင်းခံမြံမြဲအောင်ဆောင်တည်ခြင်း
၉။မေတ္တာပါရမီ=မေတ္တာဓာတ်အပြည်အဝထားခြင်း
၁၀။ဥပေက္ခာပါရမီ=ဘက်မလိုက်ဘဲမျှတစွာကျင့်သုံးခြင်း။
   
                           ***ပါရမီဆယ်ပါးပြားသုံးဆယ်***
၁။န္ဓာကိုယ်ပြင်ပဖြစ်သောပစ္စည်းတို့ကိုစွန့်၍ဖြည့်ကျင့်ခြင်းသည်ပါရမီ။
၂။လက်ခြေအင်္ဂါအနစ်နာခံ၍ဖြည့်ကျင့်သည်ဥပပါရမီ။
၃။အသက်ကိုစွန့်၍ဖြည့်ကျင့်သည်ပရမတ္ထပါရမီ။
    ***ဒါန သီလ နေက္ခမ္မ ပညာ ဝီရိယ ခန္ဓီ သစ္စာ အဓိဋ္ဌာန် မေတ္တာ ဥပေက္ခာ ဤဆယ်ပါးကိုတည်။
ပါရမီ ဥပပါရမီ ပရမတ္ထပါရမီ သုံးနှင့်မြှောက်အပြားသုံးဆယ်ဖြစ်၏။
၁။သက်ရှိ သက်မဲ ဗာဟိရက စွန့်နိုင်က မှုလပါရမီ။
၂။အင်္ဂါကြီးငယ်အသွယ်သွယ်ကိုမကွယ်စိတ်မှစွန့်နိုင်က ဥပပါရမီ။
၃။အသက်ဇီဝစွန့်က ပရမတ္ထပါရမီ။
၎။ပါရမီဆယ်ပါးအကျယ်ပွားအပြားသုံးညီ။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

သည်းမခံခြင်း၏အပြစ်ငါးပါး

                        မင်္ဂလာပါ
                    ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

                   ဓမ္မံ သရဏံ ဂစ္ဆာမိ။

                   သံဃံ သရဏံ ဂစ္ဆာမိ။

                  ***သည်းမခံခြင်း၏အပြစ်ငါးပါး***
၁။လူအများ မချစ်ခင်ခြင်း။
၂။ကြမ်းကြုတ်ခြင်း။
၃။စိတ်မကြည်လင် မရွှင်လန်းခြင်း။
၎။တွေဝေလျှက် သေရခြင်း။
၅။ငရဲသို့ကျရောက်ခြင်း။

                    ***သည်းခံခြင်း၏ အကျိုးငါးပါး***
၁။လူအများ ချစ်ခင်ခြင်း။
၂။သိမ်မွေ့ နှုးညံ့ခြင်း။
၃။စိတ်ကြည်လင်ရွှင်လန်ခြင်း။
၎။မတွေမဝေ သေရခြင်း။
၅။နတ်ပြည်သို့ရောက်ကခြင်း။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Friday, January 22, 2016

ခန္ဓာငါးပါးရုပ်နာမ်းတရားများကိုခွဲခြား၍ထင်လင်းစွာမသိလေတော့

                      မင်္ဂလာပါ
                   ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

                   ဓမ္မံ သရဏံ ဂစ္ဆာမိ။

                  သံဃံ သရဏံ ဂစ္ဆာမိ။
ကျနော်တို့ပုထုဇဉ်လူသားတို့ခေါ်ဝေါနေကြသောလူပဲ နတ်ပဲဗြဟ္မာပဲဟုခေါ်တွင်နေကြခြင်းသည် အရှိအမှန်တရားမဟုတ်ပေ။ပညတ်တရားသာဖြစ်၏။မောင်ကျော်ပဲမောင်သောင်းပဲစသည်ဖြင့်ခေါ်ဝေါနေကြခြင်းသည်လည်း
ပညတ်သာဖြစ်၏။ယောက်ျားမိန်းမဟူ၍မကြည့်နှင့်ထင်ရှားမရှိသောအရာများသည်သင့်ကိုမျက်လှည့်ပြသည့်ပမာလှည့်စား၍
နေပါလိမ့်မည်။အဟုတ်တကယ်ထင်ရှားရှိသော အမှန်တရားများကိုဉာဏ်မျက်စိဖြင့်မြင်အောင်ရှုကြစမ်းပါ။
ထင်ရှားမရှိသောအရာသည်ပညတ်ဖြစ်၍ထင်ရှားရှိသောအရာသည်ပရမတ်ဖြစ်၏။ခန္ဓာကိုယ်တည်းဟူသောဂုဏ်ဒြပ်ကြီးတွင်ပထဝီ တေဇော အာပေါ ဝါယောစသောရုပ်၂၈ပါးတို့စုဝေးနေခြင်းဖြစ်သည်။ပထဝီဓာတ်သဘောမှာမာခြင်းပျော့ခြင်း တေဇောကပူခြင်းအေးခြင်း အာပေါဓာတ်ယိုစီးခြင်း ဝါယောဓာတ်ကထောက်ကန်လှုပ်ရှားခြင်း စသည်ဖြင့်ထင်ရှားစွာရှိနေဖြစ်နေ၏။
ထိုရုပ်တရားကိုရှုပက္ခန္ဓာဟုမြတ်ဗုဒ္ဓဟောကြားတော်မှုခဲ့ပါသည်။
စိတ်၈၉ပါးစေတသိတ်၅၂ပါးရှိရာတွင်စိတ်၈၉ပါးကိုဝိညာဏက္ခန္ဓာ စေတသိတ်၅၂ပါးတွင်ပါဝင်သောဝေဒနာကိုဝေဒနာက္ခန္ဓာ(ခံစားခြင်း)သညာကိုသညာက္ခန္ဓာ(မှတ်သားခြင်း)ကျန်၅၀ကိုသင်္ခါရက္ခန္ဓာ(ပြုပြင်စီရင်ခြင်း)များသောရှိ၏။အခြားမရှိပေ။အကျဉ်းချုပ်တော့ရုပ်နှင့်စိတ်စေတသိတ်ဟူသောနာမ်းတရားနှစ်ပါးသာလျှင်အရှိတရားပရမတ်တရားပရမတ်တရားဖြစ်၏။
ရှုပက္ခန္ဓာခေါ်ရုပ်တရားကြီကလည်းရေမြှုပ်သဏ္ဍာန်သာရှည်ကြာစွာတည်နေသည်မဟုတ်။ဝေဒနာက္ခန္ဓာကရေပွက်သဏ္ဍာန်ပမာခဏဖြစ်လျက်ခဏပျက်၏။သညာက္ခန္ဓာကတော့တံလျက်သဏ္ဍာန်သာဖြိုးခနဲ့ဖျက်ခနဲ့လျှက်စီးလက်သလိုခဏဖြစ်လျက်ခဏပျက်၏သင်္ခါရက္ခန္ဓာကတော့ငှက်ပျောတုံးသဏ္ဍာန်အလားအနှစ်အသားမရှိပေ။ကြာရှည်စွာမတည်တံ့နိုင်ပေ။ဝိညာဏက္ခန္ဓာကျပြန်တော့မျက်လှည့်ဆရာကြီးလိုပင်ပုထုဇဉ်သတ္တဝါအများကိုလှည့်စားထားလေသည်။ခိုင်ခန့်သယောင်မြဲသယောင်ယာင့်ဖြင့်အထင်မှားစေ၏ခန္ဓာငါးပါးရုပ်နာမ်တရားတိုသည်မမြဲ ဆင်းရဲ အစိုးမရ အနတ္တ မှတ်ကြပါလေကုန်။
လူအများစုကတော့ရွတ်ကြပါရဲ့။ပါးစပ်ကအနိစ္စ အနိစ္စ ဒုက္ခဒုက္ခ အနတ္တ အနတ္တနဲ့အောင်မယ်လေးဟဲ့အနိစ္စအော်ဒုက္ခဒုက္ခစသည်ဖြင့်ညည်းတွားကြရွတ်ဆိုကြလေ၏။ဉာဏ်အမြင်မပါ၍ ဈာန်မဝင်နိုင်ကြပေ။

***အနိစ္စ အနိစ္စရယ်နဲ့ ဘိဇ္ဇနကိုဖြင့် တဆိတ်ကမှမရှုလို
ဒုက္ခ ဒုက္ခနှင့် နှုတ်ကသာဆိုလို့ညည်းမိတော့
လူစည်းစိမ် ရတနာရွှေငွေနှင့်
အရာဗွေ ဒါတွေ တွေးပြန်တော့ အေးတော့မလို။
အနတ္တ အနတ္တဟုပါးစပ်ကသာဆို
ကိုယ့်ကိုယ်နှင့်ပါတကား။
ထင်ချက်ကယ်ကွာ ယာဉ်စကြာ ဒေသနာနှင့်
တင်လက္ခဏာ ဘယ်လိုသုံးသော်လည်း
ဝဋ်နောင်ကို လွတ်အောင်ရုန်းနိုင်ပါ့မလား။
(အရို့ရေ)မြှုံးမိသည့်ငါး။
ကျနော်တို့တစ်တွေကတော့ပြုံးစိစိနဲ့မြှုံးမိသည့်ငါးလိုသာပင်။
ဝဋ်နှောင်ကို ကျွတ်အောင်ရုန်းဖို့မဆိုထားဘိ ဝတ်ကြောင်ကိုပင်လွတ်ဖို့ရုန်းရခက်နေ၏။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Tuesday, January 19, 2016

အရှင်ဇနကာဘိဝံသ၏ သြဝါဒကို သတိရကြပါစေခြင်း

                  မင်္ဂလာပါ
             ဗုဒ္ဓံ သရဏံ စ္ဆာမိ။

            ဓမ္မံ သရဏံ ဂစ္ဆာမိ။

            သံဃံ သရဏံ ဂစ္ဆာမိ။

အမှာစာ-ဘုရားရှင် ပွင့်တော်မှုရခြင်းရလဒ်=ဘုရားရှင်တော်မပွင့်ပေါ်လျှင် လူအများစိတ်ကောင်းထားလည်း ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မရမျှားလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ
သိကြရ များလှကျေးဇူးတွေ ကျေးဇူးဆပ် အမြတ်ရတနာကုသိုလ် သတိပြုနိုင်ကြပါစေ။
*ကုသိုလ်ဆိုတာ မေ့နေလျှင် တိရစ္ဆာန်နှင့် မတူတော့။ကုသိုလ်ဆိုတာ ဒီနည်းနဲ့လည်းရ ဟိုနည်းနဲ့လည်ရနေမှ ကောင်း၏။
ဥပမာ-ကာလာမသုတ္တန် သတိပြုမိစေ။
ကောသလတိုင်း ကာလာမင်းတို့အုပ်စိုးရာ ကေသမုတ္တိရွာသိုလ် အယူဝါဒအမျိုးမျိုးရှိသော ဆရာကြီးအမျိုးမျိုး ရောက်ရှိလာပြီးလျှင် အခြားသူများ၏အယူဝါဒသည်မကောင်း မိမိ၏ အယူဝါဒသည်သာလျှင် ကောင်း၏
ဟူ၍ဟောပြောကြကုန်၏။ထိုအခါကေသမုတ္တိရွာသားများသည်အယူဝါဒအမျိုးမျိုးကိုကြားရသဖြင့်ဟိုလူပြောတာဟုတ်နိုးနိုး
ဒီလူပြောတာဟုတ်နိုးနိုးတွေးတောနေရပါသောကြောင့် ရှင်တော်ဂေါတမ ကြွလာသောအခါလျှောက်ထားကြ၏။
*ထိုအခါ ရှင်တော်ဂေါတမက----
၁။ကလေးဘဝမှစ၍ ကြားနာမှတ်သားခဲ့ခြင်းဖြင့်လည်း ဟုတ်တယ် မှန်တယ်ဟု အစွဲအမြဲ မယူကြပါနှင့်။
၂။မိဘဘိုးဘွား စသည်တို့မှ ဆင်းသက်၍ မှတ်ယူလုပ်ကိုင်ရိုးဖြစ်၍လည်း အမြဲအစွဲ မှတ်ယူမထားကြပါနှင့်။
၃။ဒီဟာက ဒီလိုတဲ့ဟုအခြားတစ်ယောက်က ပြောပြရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြပါနှင့်။
၎။ဒီအယူအစသာ ငါ့တို့သင်ထားသော ကျမ်းစာနှင့်ညီတယ်ဟုမိမိတို့ကျမ်းစာနှင့်ညီနေရုံမျှဖြင့်လည်း အတည်တကျမှတ်ယူမထားကြပါနှင့်။
၅။အခြားနိုင်ငံတို့၌ သူတပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း ဤနေရာနှင့်သင့်တော်လှပြီးဟုအစွဲမြဲယူစမထားကြပါနှင့်။
၆။မိမိဘာသာ ကြံစည်ထားသော အရာကိုလည်း ဟုတ်လှပြီ မှန်လှပြီဟု အစွဲအမြဲ ယူမထားပါနှင့်။
၇။တစ်စုံတစ်ရာ ပြုဖို့ရာ အကြောင်းအထောက်အထားကိုစဉ်းစားရာဝယ် အကြောင်းအထောက်ထားရ၍ သဘောကျသဖြင့်ဘည်း အစွဲအမြဲ မယူကြပါနှင့်။
၈။သူပြောသော အယူဝါဒသည် ငါ့တို့စဉ်းစား ကျေနပ်ထားသောအယူနှင့်ညီမျှပေသည်ဟု အယူဝါဒချင်း တူညီမျှရုံဖြင့်လည်း အစွဲအမြဲမှတ်ယူမထားကြပါနှင့်။
၉။ထိုရသေ့ ထိုရဟန်းကား ယုံကြည်ထိုက်သော အထက်တန်ပုဂ္ဂိုလ်တည်။ဒီပုဂ္ဂိုလ်၏စကားကိုလေးလေးစားစားမှတ်သားထိုက်သည်ဟုလည်း စွဲစွဲမြဲမြဲမှတ်ယူမထားကြပါနှင့်။
၁၀။ထို့ရသေ့ ထိုရဟန်းကားငါ့တို့ကိုးကွယ်ထားသောဆရာဖြစ်၏။ငါ့ဆရာစကားကိုငါ့မှတ်သားသင့်သည်ဟူ၍လည်းစွဲစွဲမြဲမြဲမှတ်ယူမထားကြပါနှင့်။
***ထိုအကျင့်တွေသည် ကောင်း မကောင်း နားလည်းသဘောပေါက်အောင်လေ့လာပြီးလျှင် မကောင်းတာကိုပယ် ကောင်းတာကိုယူကာလက်ခံကျင့်သုံးပါဟူ၍ ရှင်တော်ဂေါတမ မိန့်ကြားခဲ့ပါသည်။
***ဓမ္မမိတ်ဆွေအပေါင်းတို့----
ဗုဒ္ဓနုဿတိပွားလျှင်ဘုရားနှင့်အတူ နေသည်မည်၏။(စူဠနိဒ္ဒေသပါဋိတော်)
***ဗုဒ္ဓဂုဏ်တော်ဂါထာများ ပွားသူသည် စေတီထိုက်၏။(ဝိသုဒ္ဓိမဂ်အဋ္ဌကထာ)
***ရဟန်းတို့၏ ပရိက္ခရာများသည် စေတီထိုက်၏။(ပါရာဇိကဏ်အဋ္ဌကထာ)
***သီလဝန္တ ပုထုဇဉ်ရဟန်းများ စေတီမထိုက်ပါ။(အဂုၤတၳဳိရ္အ႒ကထာ)
***ဓမ္မကလျာဏမိတ္ထ ဓမ္မမိတ်ဆွေ စာဖတ်ပရိတ်သတ်များမှာချင်တာကတော့---
***ပညာလွန်သော စာဂ
***ပညာရှိသော်လည်း သတိဖြစ်နိုင်ခဲ
***ဒိဋ္ဌိစဥဇုကာ အယူဝါဒ ဖြောင့်မှန်ခြင်း။
(မဟာဝဂ္ဂသံယုတ်-ဥတ္တိယသုတ္တန်)ကြည့်ပါ။သိနိုင်၏
သမ္မာဒဿန ကောင်းစွာ ယူဆခြင်း။
ဓမ္မဒိဋ္ဌိ ကောင်စွာမြင်သိနိုင်ပါစေသတည်း။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပစေ--

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Wednesday, January 13, 2016

အငွေ့နှင့်အတွေ့ တရွေ့ရွေ့ များလာသောအခါ

                    မင်္ဂလာပါ
                   ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
               
                   ဓမ္မံ သရဏံ ဂစ္ဆာမိ။

                  သံဃံ သရဏံ ဂစ္ဆာမိ။
         ***အငွေ့နှင့်အတွေ့ တရွေ့ရွေ့လာသောအခါ***
        *မင်္ဂလာပါ*ကျနော်ခုပြောပြမှာလေးကတော့ချစ်သူသမီးရည်းစားတွေခြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာလေးပါ
*တကယ်တော့ချစ်သူသမီးရည်စားဘဝ၌အမှန်တကယ်ချစ်ကြစေကာမှုအချစ်ရေးပျက်ရန်အကြောင်းများစွာရှိနေသေး၏။
ထိုကြောင့်အငွေ့နှင့်အတွေ့ကိုသတိထားရမှာဖြစ်၏။ထိုအတွေ့နှင့်အငွေ့ကိုယောက်ျားလေးနှင့်မိန်းကလေးကရောနှစ်ဦး
စလုံးသတိထားရပေမည်။အားနွဲ့သူမိန်းကလေးကပို၍သတိထားရပေမည်။
အပြုံးကလေးများအကြည့်ကလေးများလူမြင်ကွင်း၌တွဲလျှောက်ခြင်းဘတ်စကားမီရထားစီးခြင်းများကအငွေ့ကလေးများ၏။
ပန်းခြံသစ်ပင်အောက်၌ထိုင်ခြင်းမီးမှောင်ရုပ်ရှင်ရုံတွင်း၌ထိုင်ခြင်းကမထိတထိအတွေ့ကလေးများပါလာတော့၏။
ထိုထက်ပို၍စိတ်ကွယ်ရာလွတ်လပ်သောအိမ်၌ချိန်းတွေ့ခြင်းကအတွေ့ကိုဖန်တီးရန်အားပေးအားမြှေက်ပြုခြင်းဖြစ်၏။
သမီးရည်းစားတို့ဘဝ၌အတွေ့နှင့်အငွေ့အလွန်များလာသောအခါအာရုံသည်တစ်ဆင့်ပြောင်းလဲလာတတ်ပါ၏။
           ***အနမ်းတို့သည် သောတံများ ဖြစ်၏။***
*တစ်နေ့နှင့်တစ်နေ့lတစ်ချိန်နှင့်တစ်ချိန်lတစ်ခါနှင့်တခါသည်စိတ်တွေအာရုံပြောင်းပြီးပိုမိုရဲတင်း၍လာတတ်ပါသည်။
မထိတထိမှငြိလာတတ်ပါသည်။လူ၏ခန္ဓာကိုယ်သည်အသွေးအသားနှင့်ဖွဲ့စည်းထားပါ၏။
အချစ်များလျှင်အမှားများလာတတ်သည်ကိုလည်းသတိပြု၍အငွေ့နှင့်အတွ့ကိုရည်ရွယ်ချက်မပြောင်းချိန်မသေချာသေးချိန်မှာလွန်စွာသတိထားရပါမည်။
***စွန်ရဲlအမဲလိုက်ခွေးlလက်နက်နှင့်အချစ်တွင်သာယာမှုတစ်ချက်အတွက်ဝေဒနာတစ်ထောင်ခံစားရတတ်၏။***
လောကလူသားသဘော၌အငွေ့အသက်များလာသောအခါအပွေ့အဖက်များကူစက်လာတတ်၏။ချစ်သောစိတ်နှင့်ပြု၏ချစ်သောစိတ်နှင့်ပြန်လည်လက်ခံတတ်၏အငွေ့မှတစ်ဆင့်အတွေ့ကိုလိုလားတောင့်တသည်မှာသဘာဝဖြစ်၏။နွေခနဲ့ထွေးခနဲအသက်ရှူမှားသောဘဝမှlလောကထဲမှာမရှူနိုင်မကယ်နိုင်ဘဝမျိုးရောက်သွားတတ်ပါ၏။
*သမီးရည်းစားဘဝ၌အတွေ့သည်မိန်းကလေးများအတွက်လွန်စွာအရေးကြီး၏။ယောက်ျားများ၏စိတ်၌ကာမကိုထိထိရောက်ရောက်အရယူမှသာအချစ်ကိုပိုင်နိုင်ဟုစွဲမှတ်ကာတွေ့အောင်ကြံတတ်ကြလေ၏။ရည်စားတစ်ထောင်လင်ကောင်တစ်ယောက်ဟူသောစကားများကိုများစွာသတိထားအပ်ကြလေသည်။သမီးရည်းစားဘဝ၌အသေလဲအဘယ်မျှပင်ချစ်ကြိုက်စေကာမူကွဲဖို့အကြောင်းတွေအမျိုးမျိုးဖြစ်တတ်၏။ရည်စားဖြစ်ပြီးနောက်တကယ်ပေါင်းရမည်ပေါင်ရမည်ကိုမသိရဘဲလျက်ယုံကြည်စိတ်မြဲကာ ကာမကိုပေးသောမိန်းကလေးများ၏အမှားသည်အဘယ်မျှကြီးသည်ကိုစားစရိတ်ရလိုမှုတရားများကိုထောက်သဖြင့်သိနိုင်လေသည်။သမီးရည်းစားဘဝ၌အငွေ့ကိုစတင်သတိထားရမည်။ထို့ပြင်အတွေ့ကိုပို၍သတိထားလာရပေမည်။သတိထားလျှင်
ရှောင်၍ပိုလွယ်၏။အတွေ့ကိုရှောင်လျှင်ဖြစ်နိုင်ပါသည်။ဖြစ်နိုင်သောအရာလည်းဖြစ်၏။စိတ်ပင်ဖြစ်ပြီးစိတ်ကိုထိန်းနိုင်လျှင်အတွေ့ကိုရှောင်၍ရပါ၏။
အငွေ့နှင့်အတွေ့များတရွေ့ရွေ့များလာပြီးအချို့မှာဘာရည်ရွယ်ချက်မှမပြည့်စုံခင်မှာပင်အိမ်ထောင်ရေးဇတ်တွေကကြရတော့၏။အိမ်ထောင်ဆိုသည်မှာအိမ်ရှိမှပြုရမည်ဖြစ်ရာအချို့သည်အိမ်မရှိဘဲငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ပြုပြီးlဟိုမိဘဟိုဆွေမျိုးသည်ဆွေမျိုးဟိုသည်နှင့်လူတွေကိုဒုက္ခပေးသလိုဖြစ်လေ၏။မဆင်မခြင်အိမ်ထောင်ကျနောက်မှနောင်တရကြလေသည်။
နောင်မှရသောနောင်တသည်ပူစမြဲပင်။
စိတ်အလိုလိုက်စိတ်ကြိုက်ဆောင်ပြီးlအတွေ့ကိုမရှောင်နိုင်ခြင်းသည်နက်လှသောဒုက္ခပင်လယ်ထဲသို့ခုန်ဆင်းကူးခတ်ခြင်းဖြစ်၏။အိမ်မရှိ၍နေစရာမရှိခြင်းဒုက္ခlအလုပ်မရှိ၍စားစရာမရှိခြင်းဒုက္ခlသားသမီးရ၍ကျွေးရေး မွေးရေးဒုက္ခများတစ်သီတစ်တန်းကြီးလိုက်လာလေတော့၏။မှီတွယ်ခိုကပ်သူများထောက်ပံ့စာစားရခြင်းမှာဒုက္ခတစ်မျိုးဖြစ်၏။အိမ်ထောင်ကျပြီးလျှင်ကိုယ်မိဘထံ
ကိုယ်စားနေရခြင်းမှာပင်ဒုက္ခဖြစ်၍နေတတ်ပါ၏။
အငွေ့အသက်ကိုရှောင်ကာအပွေ့အဖက်ကိုပါရှောင်နိုင်ပါ၏။အငွေ့အတွေ့ကိုဆိုသည်ကိုမိန်းကလေးများသာရှောင်ရမည်မဟုတ်ယောက်ျားလေးကလည်းရှောင်နိုင်ရပေမည်။
အချို့လူတော်ယောက်ျားလေးများသည်ထိုအတွေ့အငွေ့ကိုမရှောင်နိုင်သဖြင့်ပန်းကောင်းအညွှန်ကျိုးဖြစ်သွားကြလေ၏။
ဒါကြောင့်သမီးရည်းစားဘဝမှာရှောင်သင့်တဲ့ဟာလေးရှောင်ကြရင်း---
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

အငွေ့နှင့်အတွေ့ တရွေ့ရွေ့ များလာသောအခါ

                    မင်္ဂလာပါ
                   ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
               
                   ဓမ္မံ သရဏံ ဂစ္ဆာမိ။

                  သံဃံ သရဏံ ဂစ္ဆာမိ။
         ***အငွေ့နှင့်အတွေ့ တရွေ့ရွေ့လာသောအခါ***
        *မင်္ဂလာပါ*ကျနော်ခုပြောပြမှာလေးကတော့ချစ်သူသမီးရည်းစားတွေခြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာလေးပါ
*တကယ်တော့ချစ်သူသမီးရည်စားဘဝ၌အမှန်တကယ်ချစ်ကြစေကာမှုအချစ်ရေးပျက်ရန်အကြောင်းများစွာရှိနေသေး၏။
ထိုကြောင့်အငွေ့နှင့်အတွေ့ကိုသတိထားရမှာဖြစ်၏။ထိုအတွေ့နှင့်အငွေ့ကိုယောက်ျားလေးနှင့်မိန်းကလေးကရောနှစ်ဦး
စလုံးသတိထားရပေမည်။အားနွဲ့သူမိန်းကလေးကပို၍သတိထားရပေမည်။
အပြုံးကလေးများအကြည့်ကလေးများလူမြင်ကွင်း၌တွဲလျှောက်ခြင်းဘတ်စကားမီရထားစီးခြင်းများကအငွေ့ကလေးများ၏။
ပန်းခြံသစ်ပင်အောက်၌ထိုင်ခြင်းမီးမှောင်ရုပ်ရှင်ရုံတွင်း၌ထိုင်ခြင်းကမထိတထိအတွေ့ကလေးများပါလာတော့၏။
ထိုထက်ပို၍စိတ်ကွယ်ရာလွတ်လပ်သောအိမ်၌ချိန်းတွေ့ခြင်းကအတွေ့ကိုဖန်တီးရန်အားပေးအားမြှေက်ပြုခြင်းဖြစ်၏။
သမီးရည်းစားတို့ဘဝ၌အတွေ့နှင့်အငွေ့အလွန်များလာသောအခါအာရုံသည်တစ်ဆင့်ပြောင်းလဲလာတတ်ပါ၏။
           ***အနမ်းတို့သည် သောတံများ ဖြစ်၏။***
*တစ်နေ့နှင့်တစ်နေ့lတစ်ချိန်နှင့်တစ်ချိန်lတစ်ခါနှင့်တခါသည်စိတ်တွေအာရုံပြောင်းပြီးပိုမိုရဲတင်း၍လာတတ်ပါသည်။
မထိတထိမှငြိလာတတ်ပါသည်။လူ၏ခန္ဓာကိုယ်သည်အသွေးအသားနှင့်ဖွဲ့စည်းထားပါ၏။
အချစ်များလျှင်အမှားများလာတတ်သည်ကိုလည်းသတိပြု၍အငွေ့နှင့်အတွ့ကိုရည်ရွယ်ချက်မပြောင်းချိန်မသေချာသေးချိန်မှာလွန်စွာသတိထားရပါမည်။
***စွန်ရဲlအမဲလိုက်ခွေးlလက်နက်နှင့်အချစ်တွင်သာယာမှုတစ်ချက်အတွက်ဝေဒနာတစ်ထောင်ခံစားရတတ်၏။***
လောကလူသားသဘော၌အငွေ့အသက်များလာသောအခါအပွေ့အဖက်များကူစက်လာတတ်၏။ချစ်သောစိတ်နှင့်ပြု၏ချစ်သောစိတ်နှင့်ပြန်လည်လက်ခံတတ်၏အငွေ့မှတစ်ဆင့်အတွေ့ကိုလိုလားတောင့်တသည်မှာသဘာဝဖြစ်၏။နွေခနဲ့ထွေးခနဲအသက်ရှူမှားသောဘဝမှlလောကထဲမှာမရှူနိုင်မကယ်နိုင်ဘဝမျိုးရောက်သွားတတ်ပါ၏။
*သမီးရည်းစားဘဝ၌အတွေ့သည်မိန်းကလေးများအတွက်လွန်စွာအရေးကြီး၏။ယောက်ျားများ၏စိတ်၌ကာမကိုထိထိရောက်ရောက်အရယူမှသာအချစ်ကိုပိုင်နိုင်ဟုစွဲမှတ်ကာတွေ့အောင်ကြံတတ်ကြလေ၏။ရည်စားတစ်ထောင်လင်ကောင်တစ်ယောက်ဟူသောစကားများကိုများစွာသတိထားအပ်ကြလေသည်။သမီးရည်းစားဘဝ၌အသေလဲအဘယ်မျှပင်ချစ်ကြိုက်စေကာမူကွဲဖို့အကြောင်းတွေအမျိုးမျိုးဖြစ်တတ်၏။ရည်စားဖြစ်ပြီးနောက်တကယ်ပေါင်းရမည်ပေါင်ရမည်ကိုမသိရဘဲလျက်ယုံကြည်စိတ်မြဲကာ ကာမကိုပေးသောမိန်းကလေးများ၏အမှားသည်အဘယ်မျှကြီးသည်ကိုစားစရိတ်ရလိုမှုတရားများကိုထောက်သဖြင့်သိနိုင်လေသည်။သမီးရည်းစားဘဝ၌အငွေ့ကိုစတင်သတိထားရမည်။ထို့ပြင်အတွေ့ကိုပို၍သတိထားလာရပေမည်။သတိထားလျှင်
ရှောင်၍ပိုလွယ်၏။အတွေ့ကိုရှောင်လျှင်ဖြစ်နိုင်ပါသည်။ဖြစ်နိုင်သောအရာလည်းဖြစ်၏။စိတ်ပင်ဖြစ်ပြီးစိတ်ကိုထိန်းနိုင်လျှင်အတွေ့ကိုရှောင်၍ရပါ၏။
အငွေ့နှင့်အတွေ့များတရွေ့ရွေ့များလာပြီးအချို့မှာဘာရည်ရွယ်ချက်မှမပြည့်စုံခင်မှာပင်အိမ်ထောင်ရေးဇတ်တွေကကြရတော့၏။အိမ်ထောင်ဆိုသည်မှာအိမ်ရှိမှပြုရမည်ဖြစ်ရာအချို့သည်အိမ်မရှိဘဲငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ပြုပြီးlဟိုမိဘဟိုဆွေမျိုးသည်ဆွေမျိုးဟိုသည်နှင့်လူတွေကိုဒုက္ခပေးသလိုဖြစ်လေ၏။မဆင်မခြင်အိမ်ထောင်ကျနောက်မှနောင်တရကြလေသည်။
နောင်မှရသောနောင်တသည်ပူစမြဲပင်။
စိတ်အလိုလိုက်စိတ်ကြိုက်ဆောင်ပြီးlအတွေ့ကိုမရှောင်နိုင်ခြင်းသည်နက်လှသောဒုက္ခပင်လယ်ထဲသို့ခုန်ဆင်းကူးခတ်ခြင်းဖြစ်၏။အိမ်မရှိ၍နေစရာမရှိခြင်းဒုက္ခlအလုပ်မရှိ၍စားစရာမရှိခြင်းဒုက္ခlသားသမီးရ၍ကျွေးရေး မွေးရေးဒုက္ခများတစ်သီတစ်တန်းကြီးလိုက်လာလေတော့၏။မှီတွယ်ခိုကပ်သူများထောက်ပံ့စာစားရခြင်းမှာဒုက္ခတစ်မျိုးဖြစ်၏။အိမ်ထောင်ကျပြီးလျှင်ကိုယ်မိဘထံ
ကိုယ်စားနေရခြင်းမှာပင်ဒုက္ခဖြစ်၍နေတတ်ပါ၏။
အငွေ့အသက်ကိုရှောင်ကာအပွေ့အဖက်ကိုပါရှောင်နိုင်ပါ၏။အငွေ့အတွေ့ကိုဆိုသည်ကိုမိန်းကလေးများသာရှောင်ရမည်မဟုတ်ယောက်ျားလေးကလည်းရှောင်နိုင်ရပေမည်။
အချို့လူတော်ယောက်ျားလေးများသည်ထိုအတွေ့အငွေ့ကိုမရှောင်နိုင်သဖြင့်ပန်းကောင်းအညွှန်ကျိုးဖြစ်သွားကြလေ၏။
ဒါကြောင့်သမီးရည်းစားဘဝမှာရှောင်သင့်တဲ့ဟာလေးရှောင်ကြရင်း---
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Friday, January 8, 2016

ဘုရားအလောင်းတော်သုံးခွန်းသောစကားတော်ဖြင့်ကြုံးဝါးတော်မှုပုံ

                  မင်္ဂလာပါ

                 ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

                 ဓမ္မံ သရဏံ ဂစ္ဆာမိ။

                 သံဃံ သရဏံ ဂစ္ဆာမိ။

၁။အဂ္ဂေါဟ မသ္မိံ လောကဿ။

၂။ဇေဋ္ဌောဟ မသ္မိံ လောကဿ။

၃။သေဋ္ဌောဟ မသ္မိံ လောကဿ။

၁။အဟံ လောကဓမ္မ နှစ်ဝစုပေါင်း အကြောင်းချင့်မျော် ငါအလောင်းတော်သည်။
လောကဿ  လောကဓာတ်သုံးရပ် ပျော်အောင်လတ်သည့် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းထက်။
အဂ္ဂေါစဉ်လာသတ်မှတ် တုကင်းလတ်သည့် အမြတ်ဆုံးပုဂ္ဂိုလ်သည်။အသ္မိ အမှန်စင်စစ် ဧကန်ဖြစ်၏။

၂။အဟံ လောကဓမ္မ နှစ်ဝစုပေါင်း အကြောင်းချင့်မျှော် ငါအလောင်းတော်သည်။လောကဿ  လောကဓာတ်သုံးရပ်
ပျော်အောင်လတ်သည့် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းထက်။ဇေဋ္ဌော။ပါရမီဆယ်ရပ် ပြည့်ဖြိုးလတ်၍သုံးရပ်ဘုံလုံး အကြီးဆုံးပုဂ္ဂိုလ်သည်။အသ္မိ အမှန်စင်စစ် ဧကန်ဖြစ်၏။

၃။အဟံ လောကဓမ္မ နှစ်ဝစုပေါင်း အကြောင်းချင့်မျှော် ငါအလောင်းတော်သည်။လောကဿ  လောကဓာတ်သုံးရပ်ပျော်အောင်လတ်သည့် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းထက်။
သေဋ္ဌော စဉ်လာသတ်မှတ် တုကင်းလတ်သည့် ထူးဆန်းအမွန် ပုဂ္ဂိုလ်ချွန်သည်။အသ္မိ အမှန်စင်စစ် ဧကန်ဖြစ်၏။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေး တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Monday, January 4, 2016

မြတ်စွာဘုရားရှင်*နာသိကသုတ်မှာဟောထားခဲ့တာလေးကတော့

                မင်္ဂလာပါ
                ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

                 ဓမ္မံ သရဏံ ဂစ္ဆာမိ။

                 သံဃံ သရဏံ ဂစ္ဆာမိ။
ကျနော်ခုပြောပြမှာလေးကတော့ဘုရားရှင်နာသိကသုတ်မှာဟောထားခဲ့တာလေးရှိပါတယ်။
အဒါလေးက---                      *ချစ်သားရဟန်းတို့=ပထဝီမြေကြီးပေါ်ရှိမြေမှုန့်အားလုံးနဲ့ငါ၏လက်သည်းပေါ်မှာရှိတဲ့မြေမှုန့်တို့သည်အဘယ်ကများပါသနည်း။မြတ်စွာဘုရားလက်သည်းပေါ်ရှိမြေမှုန့်တို့သည်ပြောပလောက်သည်မရှိမြေကြီးပေါ်ရှိမြေမှုန့်တို့သည်ကားအတိုင်းမသိများလှပါ၏ဘုရား။
*ချစ်သားတို့ဤဥပမာအတူတစ်နေ့တစ်နေ့သေဆုံးကြသူသတ္တဝါအပေါင်းတို့သည်သုဂတိဘုံသို့ရောက်သူကားငါ့လက်သည်းပေါ်ရှိမြေမှုန့်သားတည်း။အပါယ်ဘုံသို့ရောက်သောသူတို့ကားမဟာမြေကြီးပေါ်ရှိမြေမှုန့်တို့ကဲ့သို့အလွန်တရားများလှချေ၏တဲ့။
ဘာကြောင့်ဒီလောက်များပြားနေရသလဲဆိုရင်အပါယ်ဘုံမှာဒါနlသီလlဘာဝနာဆိုတဲ့ကောင်းမှုကုသိုလ်လုပ်ဘို့ရာအခွင့်မရှိကြပါဘူးရောက်ရာဘဝမှာနိုင်ရာစားအလုပ်ကိုသာထပ်ခါထပ်ခါလုပ်နေရပြီးအချင်းချင်းညှင်းဆဲသတ်ဖြတ်စားသောက်နေရတဲ့တွက်ပါပဲ။အိမ်မှာမွေးထားတဲ့တိရစ္ဆာန်လေးတွေကအဖြေပေးနေပြီးသားပါပဲတဲ့။
အနေကောင်းသလိုအသေကောင်းဘို့လိုလာပါပြီးတဲ့။
မိဆွေ=နေ့စဉ်နဲ့အမျှဖတ်ရlမှတ်ရlကြားရတဲ့တရားသဘောအသိတွေနဲ့ကိုယ့်ကိုယ်ကိုကျေနပ်နေပြီးတော့အသေတတ်ပြီးလို့စိတ်ချမနေပါနဲ့တဲ့။
   *ကိုယ့်ရင်ထဲမှာ အမြဲတမ်းလွှမ်းမိုးနေတဲ့စိတ်ဟာ ဘာစိတ်လဲဆိုတာကိုအားမနာစတမ်း မရှက်စတမ်း ကိုယ့်ဘာသာ စစ်ဘို့လိုပါတယ်တဲ့။*
ကိုယ့်စိတ်ကို ကိုယ်စစ်ပြီး ကိုယ့်ဘာသာ ကိုယ်ပြုပြင်ရမှာပဲတဲ့။
     *ခုသိ ခုပြင် နောက်ရက်တွင် အသင်သေနိုင်သည်တဲ့*
အဲဒါကြောင့်မွေးဖွားခြင်းအစကသေဆုံးခြင်းမို့အားလုံးအတူတူပြုပြင်ကြပါစို့လို့တိုက်တွန်းလိုက်ပရစေ---
***အားလုံးသန္တာန့် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***