Saturday, May 21, 2016
စိတ်အလိုမလိုက်မိစေနဲ့
မင်္ဂလာပါ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
****စိတ်အလိုမလိုက်မိစေနဲ့*****
တဒင်္ဂဆင်းရဲကို ကြောက်ပြီး သံသရာတစ်လျှောက် ချမ်းသာပျောက်မယ့်အလုပ်မျိုး မလုပ်မိပါစေနဲ့။
အခိုက်အတန့် သာယာမှုနောက်ကိုလိုက်ပြီး ဘဝနဲ့ရင်းကာ ပေးဆပ်ရမယ့် အကျင့်ဖောက်ဖျက်မှုမျိုးကို မကျူးလွန်မိပါစေနဲ့။
တစ်နပ်တစ်ပွဲ စားရုံလောက်လေးအတွက် သံသရာနဲ့ချီးပြီး ပေးဆပ်ရတာတွေ မဖြစ်မိပါစေနဲ့။
ဘဝမှာ ဘယ်လောက်ပဲဆိုးဆိုး အိုနာသေးဘေးလောက် ဆိုးတာမရှိတော့ပါဘူး။ အိုဘေး၊ နာဘေး၊ သေဘေးဆိုတာ မိဘနဲ့သားသမီးတောင်မှ သူ့ကိုယ်မကယ်နိုင် ကိုယ့်သူမကယ်နိုင်တဲ့ ဘေးမျိုးပါ။
ဒါကြောင့် အဆိုးဆုံး ဘေးတွေကို ပိုင်ဆိုင်ထားမှတော့ ကျန်တဲ့အဆင်မပြေမှုဆိုတာ ဘာမှမပြောပလောက်တော့ပါဘူး။ ဒီလို မပြောပလောက်တဲ့ အဆင်မပြေမှုလောက်နဲ့ ကိုယ့်ဘဝကို သံသရာမှာမှောက်မဲ့အထိ မိုက်လုံးမကြီးကြဖို့ သတိပြုဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။
ပြောချင်တာကစိတ်အလိုမလိုက်မိပါစေနဲ့လိုပြောချင်ပါတယ်
***အာလုံးသန္တာန်အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
Subscribe to:
Post Comments (Atom)
No comments:
Post a Comment