Sunday, May 22, 2016

ဘယ်အရာကိုမှမစွဲလမ်းပါနဲ့

                           မင်္ဂလာပါ။
                    ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
                    ဓမ္မံ သရဏံ ဂစ္ဆာမိ။
                   သံဃံ သရဏံ ဂစ္ဆာမိ။

တွယ်တာမှုကို စွန့်လွှတ်နိုင်မှုနဲ့ပဲ လျော့ချရပါမယ်။
မဟုတ်ရင် တွယ်တာမှုဆိုတာ ...ကြာလေချည်နှောင်ခံရလေ ဖြစ်ပြီး
အဲဒီကတဆင့် ပူလောင်မှုအထိ ဖြစ်စေတော့တာပါ။

တွယ်တာမှုရဲ့သဘောက လူကိုပဲတွယ်တွယ်၊ပစ္စည်းဝတ္ထုကိုပဲတွယ်တွယ် အတွယ်များရင်
အပါယ်အထိတောင် သွားစေတတ်ပါတယ်။

တခါတလေ တစ်ချို့အရာတွေဟာ
အလွန်အကျွံ တွယ်တာမိလိုက်တဲ့အတွက် အဲဒီ ကိုယ်တွယ်ထား၊
ကိုယ်မြတ်နိုးတန်ဘိုးထားတဲ့ အရာတစ်ခု ပျက်ဆီးမှုနဲ့ကြုံတဲ့အခါ
တရားမရှိတဲ့သူဆို ရူးကြောင်ကြောင်တောင်
ဖြစ်သွားတတ်ပါတယ်။

အဲ တွယ်တာမှုကို စွန့်လွှတ်နိုင်တဲ့
စွမ်းအားရှိတဲ့သူကျတော့ ဖြေဆည်ရာကို တရားနဲ့ ရှာသွားနိုင်တော့တာပဲ ဖြစ်ပါတယ်။

စွန့်လွှတ်နိုင်မှုဟာ ရယူလိုမှုကိုလည်း လျော့ချနိုင်သလို ၊
တွယ်တာမှုကြောင့် ခံစားရတဲ့ ပူလောင်မှုကိုလည်း လျော့ချနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် အပူသက်သာချင်ရင် တွယ်ထားတဲ့ အရာမှန်သမျှ စွန့်လွှတ်မှုနဲ့ လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။
ကျနော်နောက်ထက်ပြောချင်တာက
 အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။
အဲတော့ဘာကိုဥပေက္ခာပြုသင့်တာကိုပြုကြဖို့ပဲလိုပါတော့တယ်။

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

No comments:

Post a Comment