လက်မထပ်ရသေးငြား
တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား
လွဲမှားခဲ့သော်
အရှက်ရလိမ့်
လက်မထပ်ရသေးငြား
တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ
မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်
လက်မထပ်ရသေးငြား
အခွင့်အရေး
များမပေးနှင့်
ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်
အကျိုးနည်းလိမ့်
လက်မထပ်ရသေးငြား
မည်သို့မည်ပုံ
ယုံအောင်လှည့်ဖျား
အတည်ယူမည်
ဘယ်သို့ယူမည်
ကြည်ဖြူပါဟု
သွေးသားအမှု
ခံခဲ့လေသော်
မယုံမှားနှင့်
ကိလေသာစိတ်
ခဏသာယာ
ပြီးခဲ့လေသော်
နောင်တတရား
ရင်ဝယ်ပိုက်
ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။ ။
ပြန်လည်မျှဝေခြင်းပါ။
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
No comments:
Post a Comment