Thursday, June 2, 2016

ဒေါသမထွက်လိုက်ပါနဲ့

                             မင်္ဂလာပါ

တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။ ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲလို့ ဗုဒ္ဓကိုမေးတယ်။

ဗုဒ္ဓက – အသင် ပုဏ္ဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ ပုဏ္ဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူးတဲ့။

ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။
ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။
ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။

( ဆရာတော် ဦးဇောတိက )

တစက္ကန့်ဒေါသစကား
ပေးဆပ်ရသည်ကအလွန်များ
ဒေါသသည်အကိုသိုလ်တရားဖြစ်၏ပညာမျက်စိကန်းစေသောတရားဖြစ်၏
မိမိသန္တာန်အတွင်း၌ဒေါသဖြစ်လာပါကအကြောင်းအကျိုးအမှန်မသိတော့အကောင်းအဆိုးမခွဲခြားတတ်တော့အကျိုးစီပွားဖြစ်မည့်အရာကိုမဖြစ်ဟုထင်လာသည်မဖြစ်မည့်အကိုကိုဖြစ်မည့်ဟုထင်လာပြီးဖောက်ဖောက်ပြန်ပြန်မမှန်မကယူဆပြုလုပ်တတ်သဖြင့်မိမိရောသူတပါးပါပျက်စီတတ်ပါသည်။
သင်၏ဒေါသအမျက်ထွက်ခြင်းကိုသင့်ကိုမုန်းတီသောသူကသင်ပျက်စီးဆုံးရှုံးတော့မည်ကိုသိသဖြင့်ကြိုက်နှစ်သက်၏။ 
ဒေါသောအတ္ထံနဇာနာတိ"
ကိုယ့်ကာာကံကိုယ့်ထံပြန်
ကိုယ့်ဝစီကံကိုယ့်ထံပြန်
ကိုယ့်မနောကံကိုယ့်ထံပြန်
ပဲတင့်သံနှင့်အမှန်မလွဲတစ်ထပ်ထဲ
ကိုယ့်ထံသို့ပြန်သုံးပါးကံ
ကိုယ်သာဆင်းရဲခံရပြန်။
***အားလုံးသန္တာန်အမြင်မှန်အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့တရားတွေ့ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

No comments:

Post a Comment