¤¤¤¤¤¤¤¤¤¤¤¤¤¤¤
စိတ်ထားလို့ စိတ်ရှိတယ်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤
လူနဲ့စိတ်နဲ့ မကပ်ဘူးဆိုတဲ့ စကားကို ကြာဖူးကြမှာပေါ့။
လူနဲ့စိတ်နဲ့ မကပ်သူဆိုတာ ဘယ်လိုလူမျိုးကို
ခေါ်တာပါလဲဆိုရင် "ပုထုဇ္ဇနော ဥမ္မတ္တကော"။
ပုထုဇ္ဇနောဆိုတာက ဥမ္မတ္တကော၊ အရိယာမဖြစ်သေးတဲ့
ပုထုဇဉ်မှန်သမျှဟာ လူနဲ့စိတ်နဲ့ မကပ်တဲ့
ဥမ္မတ္တကတွေပါပဲ အရူးတွေပါပဲတဲ့။
များသောအားဖြင့်ကတော့ ပုထုဇဉ်တွေဆိုတာ
လမ်းလျှောက်နေရင် လမ်းလျှောက်တဲ့ဆီမှာ
စိတ်မရှိပါ၊ စိတ်မထားပါ။
လမ်းလျှောက်တဲ့အခါ လမ်းလျှောက်တဲ့ဆီမှာ
စိတ်မရှိရင်၊ အဲဒီလို စိတ်မထားရင် သတိလွတ်နေရင်
ဥမ္မတ္တက အရူးလို့ ခေါ်ပါတယ်။
ထိုင်နေတော့လည်း ထိုင်တဲ့နေရာမှာ သတိမထား၊ သတိမရှိ၊
စိတ်မထား၊ စိတ်မရှိရင် အရူးလို့ခေါ်ပါတယ်။
အရူးမဟုတ်လို့ အကောင်းဆိုရင် ထိုင်နေတဲ့ဆီမှာ
စိတ်ထားလို့ စိတ်ရှိရမယ်။
လမ်းလျှောက်နေတဲ့ဆီမှာ စိတ်ထားလို့စိတ်ရှိရမယ်။
လက်လှုပ်နေရင် လက်လှုပ်တဲ့ဆီမှာစိတ်ထားလို့စိတ်ရှိရမယ်။
အမှန်ကတော့ စိတ်ထားလို့ စိတ်ရှိတယ်ဆိုတာ အာရုံကို သတိထားလို့စိတ်မှာ သတိရှိလာတာကို ပြောတာပါ။
သတိထားရင် သတိရှိပါတယ်။
ဆရာတော် ဓမ္မဒူတ
ဒေါက်တာအရှင်ဆေကိန္ဒ
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
No comments:
Post a Comment