မင်္ဂလာပါ
ဗုဒ္ဓံ သရဏံ စ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
အမှာစာ-ဘုရားရှင် ပွင့်တော်မှုရခြင်းရလဒ်=ဘုရားရှင်တော်မပွင့်ပေါ်လျှင် လူအများစိတ်ကောင်းထားလည်း ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မရမျှားလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ
သိကြရ များလှကျေးဇူးတွေ ကျေးဇူးဆပ် အမြတ်ရတနာကုသိုလ် သတိပြုနိုင်ကြပါစေ။
*ကုသိုလ်ဆိုတာ မေ့နေလျှင် တိရစ္ဆာန်နှင့် မတူတော့။ကုသိုလ်ဆိုတာ ဒီနည်းနဲ့လည်းရ ဟိုနည်းနဲ့လည်ရနေမှ ကောင်း၏။
ဥပမာ-ကာလာမသုတ္တန် သတိပြုမိစေ။
ကောသလတိုင်း ကာလာမင်းတို့အုပ်စိုးရာ ကေသမုတ္တိရွာသိုလ် အယူဝါဒအမျိုးမျိုးရှိသော ဆရာကြီးအမျိုးမျိုး ရောက်ရှိလာပြီးလျှင် အခြားသူများ၏အယူဝါဒသည်မကောင်း မိမိ၏ အယူဝါဒသည်သာလျှင် ကောင်း၏
ဟူ၍ဟောပြောကြကုန်၏။ထိုအခါကေသမုတ္တိရွာသားများသည်အယူဝါဒအမျိုးမျိုးကိုကြားရသဖြင့်ဟိုလူပြောတာဟုတ်နိုးနိုး
ဒီလူပြောတာဟုတ်နိုးနိုးတွေးတောနေရပါသောကြောင့် ရှင်တော်ဂေါတမ ကြွလာသောအခါလျှောက်ထားကြ၏။
*ထိုအခါ ရှင်တော်ဂေါတမက----
၁။ကလေးဘဝမှစ၍ ကြားနာမှတ်သားခဲ့ခြင်းဖြင့်လည်း ဟုတ်တယ် မှန်တယ်ဟု အစွဲအမြဲ မယူကြပါနှင့်။
၂။မိဘဘိုးဘွား စသည်တို့မှ ဆင်းသက်၍ မှတ်ယူလုပ်ကိုင်ရိုးဖြစ်၍လည်း အမြဲအစွဲ မှတ်ယူမထားကြပါနှင့်။
၃။ဒီဟာက ဒီလိုတဲ့ဟုအခြားတစ်ယောက်က ပြောပြရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြပါနှင့်။
၎။ဒီအယူအစသာ ငါ့တို့သင်ထားသော ကျမ်းစာနှင့်ညီတယ်ဟုမိမိတို့ကျမ်းစာနှင့်ညီနေရုံမျှဖြင့်လည်း အတည်တကျမှတ်ယူမထားကြပါနှင့်။
၅။အခြားနိုင်ငံတို့၌ သူတပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း ဤနေရာနှင့်သင့်တော်လှပြီးဟုအစွဲမြဲယူစမထားကြပါနှင့်။
၆။မိမိဘာသာ ကြံစည်ထားသော အရာကိုလည်း ဟုတ်လှပြီ မှန်လှပြီဟု အစွဲအမြဲ ယူမထားပါနှင့်။
၇။တစ်စုံတစ်ရာ ပြုဖို့ရာ အကြောင်းအထောက်အထားကိုစဉ်းစားရာဝယ် အကြောင်းအထောက်ထားရ၍ သဘောကျသဖြင့်ဘည်း အစွဲအမြဲ မယူကြပါနှင့်။
၈။သူပြောသော အယူဝါဒသည် ငါ့တို့စဉ်းစား ကျေနပ်ထားသောအယူနှင့်ညီမျှပေသည်ဟု အယူဝါဒချင်း တူညီမျှရုံဖြင့်လည်း အစွဲအမြဲမှတ်ယူမထားကြပါနှင့်။
၉။ထိုရသေ့ ထိုရဟန်းကား ယုံကြည်ထိုက်သော အထက်တန်ပုဂ္ဂိုလ်တည်။ဒီပုဂ္ဂိုလ်၏စကားကိုလေးလေးစားစားမှတ်သားထိုက်သည်ဟုလည်း စွဲစွဲမြဲမြဲမှတ်ယူမထားကြပါနှင့်။
၁၀။ထို့ရသေ့ ထိုရဟန်းကားငါ့တို့ကိုးကွယ်ထားသောဆရာဖြစ်၏။ငါ့ဆရာစကားကိုငါ့မှတ်သားသင့်သည်ဟူ၍လည်းစွဲစွဲမြဲမြဲမှတ်ယူမထားကြပါနှင့်။
***ထိုအကျင့်တွေသည် ကောင်း မကောင်း နားလည်းသဘောပေါက်အောင်လေ့လာပြီးလျှင် မကောင်းတာကိုပယ် ကောင်းတာကိုယူကာလက်ခံကျင့်သုံးပါဟူ၍ ရှင်တော်ဂေါတမ မိန့်ကြားခဲ့ပါသည်။
***ဓမ္မမိတ်ဆွေအပေါင်းတို့----
ဗုဒ္ဓနုဿတိပွားလျှင်ဘုရားနှင့်အတူ နေသည်မည်၏။(စူဠနိဒ္ဒေသပါဋိတော်)
***ဗုဒ္ဓဂုဏ်တော်ဂါထာများ ပွားသူသည် စေတီထိုက်၏။(ဝိသုဒ္ဓိမဂ်အဋ္ဌကထာ)
***ရဟန်းတို့၏ ပရိက္ခရာများသည် စေတီထိုက်၏။(ပါရာဇိကဏ်အဋ္ဌကထာ)
***သီလဝန္တ ပုထုဇဉ်ရဟန်းများ စေတီမထိုက်ပါ။(အဂုၤတၳဳိရ္အ႒ကထာ)
***ဓမ္မကလျာဏမိတ္ထ ဓမ္မမိတ်ဆွေ စာဖတ်ပရိတ်သတ်များမှာချင်တာကတော့---
***ပညာလွန်သော စာဂ
***ပညာရှိသော်လည်း သတိဖြစ်နိုင်ခဲ
***ဒိဋ္ဌိစဥဇုကာ အယူဝါဒ ဖြောင့်မှန်ခြင်း။
(မဟာဝဂ္ဂသံယုတ်-ဥတ္တိယသုတ္တန်)ကြည့်ပါ။သိနိုင်၏
သမ္မာဒဿန ကောင်းစွာ ယူဆခြင်း။
ဓမ္မဒိဋ္ဌိ ကောင်စွာမြင်သိနိုင်ပါစေသတည်း။
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပစေ--
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
No comments:
Post a Comment