မင်္ဂလာပါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
****အလှူဒါနခံထိုက်သူ၁၄ပါး****
၁။တိရစ္ဆာန်
၂။မုဆိုး တံငါ စသော သီလမရှိသောလူပုဂ္ဂိုလ်များ
၃။ငါးပါးသီလမြဲသူများ
၎။သာသနာပအခါဈာန်အဘိညာဉ်ရသောရသေ့ပရိဗိုဇ်များ
၅။သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
၆။သကဒါဂါမိ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်
၇။အနာဂါမိလ မဂ္ဂဠာန် ပုဂ္ဂိုလ်
၈။အရဟတ္တ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်
၉။သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်
၁၀။သကဒါဂါမိ ဖလဋ္ဌာန် ပုဂ္ဂိုလ်
၁၁။အနာဂါမိ ဖလဋ္ဌာန် ပုဂ္ဂိုလ်
၁၂။အရဟတ္တ ဖလဋ္ဌာန် ပုဂ္ဂိုလ်(ရဟန္တာ)
၁၃။ပစ္စေကဗုဒ္ဓခေါ်သော ဘုရားငယ်
၁၄။သဗ္ဗညုတမြတ်စွာဘုရား ဟူ၍ ဖြစ်သည်။
***ယင်းအလှူခံပုဂ္ဂိုလ်၁၄ပါးတွင်မည်သည့်ပုဂ္ဂိုလ်အားလှူသည်ဖြစ်စေ ဒါနမြောက်သည်ဖြစ်၏။
***သို့ရာတွင်အကျိုးပေးရာ၌ထက်သန်မှု ကြီးမားမှု ပမာဏမှုကား ခြားမှုရှိလေ၏။
****အလှူခံပုဂ္ဂိုလ် ပယ်ရမည့် တရားငါးပါး****
၁။အာရုံငါးပါး လိုလားနှစ်သက်မှု ကာမစ္ဆန္ဒကိုပယ်ခြင်း။
၂။ပျက်စိးစေလိုမှု ဗျာပါဒကို ပယ်ခြင်း။
၃။ထိုင်းမှိုင်းငိုက်မျဉ်းမှု ထိန မိဒ္ဓကို ပယ်ခြင်း။
၎။ပျံ့လွင့်မှုနောင်တ ပူပန်မှု ဥဒ္ဓစ္စ-ကုက္ကုစ္စကို ပယ်ခြင်း။
၅။ယုံမှားသံသယရှိမှု ဝိစိကိစ္ဆာကို ပယ်ခြင်း။
****အလှူခံပုဂ္ဂိုလ် ပြည်စုံရမည့် ဂုဏ်အင်္ဂါငါးပါး****
၁။သီလနှင့်ပြည်စုံခြင်း။
၂။သမာဓိနှင့်ပြည့်စုံခြင်း။
၃။ပညာနှင့်ပြည့်စုံခြင်း။
၎။တမက်ခြင်းတဏှာမှ လွတ်မြောက်မှု ဝိမုတ္တိနှင့်ပြည့်စုံခြင်း။
၅။ဝိမုတ္တိဉာဏ်အမြင်နှင့် ပြည့်စုံခြင်း တို့ဖြစ်၏။
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
No comments:
Post a Comment