ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
***ပါဏာတိပါတာကံရှောင်ကြဉ်ခြင်းအကျိုး***
၁။မျက်စိ နား နှာ အင်္ဂါခြေလက်နှင့်ပြည့်စုံခြင်း။
၂။ဖြစ်လေရာဘဝ၌ ရုပ်ဝါသွင်ပြင် လန်းရွှင်စိုပြည် ကျက်သရေရှိခြင်း။
၃။အားခွန်ဗလ ကြီးမားခြင်း။
၎။အရာရာ၌ လျင်မြန်ဖျက်လတ်ခြင်း။
၅။ဘေးရန်ပေါ် ပေါက်သော် မကြောက်မရွံ့ နောက်မတွန့်ပဲ ထိုဘေးရန်မှကျော်လွှားနိုင်ခြင်း။
၆။သူတပါးပယောဂနှင့် မသေရခြင်း ကိုယ့်ကိုယ်ကို သတ်မသေရခြင်း။
၇။အနာရောဂါကင်းခြင်း
၈။အခြွေအရံ များစွာတည်ရှိခြင်း။
၉။အသက်ရှည်ခြင်း စသော ကောင်းကျိုးချမ်းသာများကို ခံစားရ၏။
(ပါဏာတိပါတာကံကို ကျူးလွန်က မျက်စိ နား နှာ အင်္ဂါခြေလက်ချွတ်ယွင်းတတ်ခြင်းစသောမကောင်းကျိုးများခံစားရခြင်းစသည့်ပြန်သောမကောင်းကျိုးများကိုမှီ၍သိလေ။)
***ဆောင်ပုဒ်=သူသတ်သတ်မှု ရှောင်ပြုလေတုံ
အင်္ဂါပြည့်လတ် ရုပ်ဓာတ်ပြည့်စုံ
အားအင်းပြည့်လျင်း လျင်ခြင်းတစ်ဖုံ
မကြောက်ဘေး သတ်ရေးလတ်မြောက်ကုန်။
အနာကင်းလတ် များလတ်ခြွေရံ
အသတ်ရှည်ခြင်း မှတ်လျင်းတစ်တန်
ကောင်းကျိုးကိုးဝ မရထဧကန်
ကျူးလွန်က ပြန်ထဆိုးကျိုးရံ။
***အားလုံးသန္တန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
No comments:
Post a Comment