မင်္ဂလာပါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
***အဒိန္နာဒါနကံ ရှောင်ကြဉ်ခြင်းအကျိုး***
၁။ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝခြင်း။
၂။ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း။
၃။ငတ်မွတ်ခြင်းဘေးမှကင်းခြင်း။
၎။အလိုရှိသောအရာကို လျင်မြန်စွာရနိုင်ခြင်း။
၅။ကူးသန်းရောင်ဝယ်မှု စသည်တို့ကြောင့်စည်စိမ်ဥစ္စာများပွားများခြင်း။
၆။ရေlမီးlမင်းlခိုးသူlမချစ်မနှစ်သက်အပ်သောအမွေခံသားဆိုးသမီးဆိုးဟူသောရန်သူမျိုးငါးပါးကြောင့်မိမိလုံလစိုက်ထုပ်၍ရှာကြံထားအပ်သောပစ္စည်းဥစ္စာ မပျက်ပြားရခြင်းစသောကောင်းကျိုးချမ်းသာများကို ခံစားရ၏။
(သူ့ဥစ္စာကိုခိုးသူကပစ္စည်းဥစ္စာမပြည်မစုံမွဲတေခြင်းစသောမကောင်းကျိုးများခံစားရခြင်းစသည့်ပြန်သောမကောင်းကျိုးများခံစားရပုံကို နည်းမှီပြန်၍သိလေ)
***ဆောင်ပုဒ်=သူ့ဥစ္စာစု ခိုးမှုရှောင်တုံ
ပစ္စည်းဥစ္စာ ကြွယ်ဝပြည်စုံ
ကိုယ်စိတ်နှစ်ဝ ချမ်းသာမှတ်ကုန်
ငတ်မွတ်ကင်း လျင်ခြင်းရလေကုန်။
ရောင်းဝယ်အမှု ပြုကြလေရာ
စည်းစိမ်ဥစ္စာ များစွာရပါ
ရန်သူမျိုးထွက် မပျက်ဘောဂါ
ကျူးလွန်ကာ ပြန်ထဆိုးကျိုးဖြာ။
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
No comments:
Post a Comment