မင်္ဂလာပါ။
*အိပ်ရာဝင်မည် စိတ်ကြံစည်
ယုံကြည်စိတ်ကိုး ဦးနှိမ်ချိုး
မလေး ဘုရားရှိခိုး။
*အိပ်ရာဝင်မည်စိတ်ကြံစည်
ယုံကြည်စိတ်ကိုး ဦးနှိမ်ချိုး
မောင်လေး ဘုရားရှိခိုး။
*လဝန်းထက်ပင် ဘုရားရှင်
ကြည်လင်ပါလှ သပ္ပာယ်လှ
ရောင်ခြည်ထွန်းလို့ရွှန်းရွှန်းကြွ။
*ဗြဟ္မာနတ်လူ အလှကူ
ဘယ်တူမတုန်း ပြိုင်တိုင်ရှုံး
မြတ်ဘုရား အလှဆုံး။
*အလှဘုရင် ဘုရားရှင်
ဦးတင်ကာသ ရှိခိုးကြ
မ-လေ လှမှာပ။
မောင်လေး လှမှာဗျ။
***လှမ်း---လက်အုပ်ချီ***
*အဝေကပင် ဘုရားရှင်
မြင်လျှင် မှန်းမျှော် ရှိ-ပူဇော်
လက်အုပ်လှမ်းလို့ ချီလိုက်နော်။
*အဝေးကပင် စေတီယင်
မြင်လျှင် မှန်းမျှော် ရှိ-ပူဇော်။
လက်အုပ်လှမ်းလို့ ချီလိုက်နော်။
*အဝေးက မှန် တရားသံ
ကြားပြန် မှန်းမျှော် ရှိ-ပူဇော်။
လက်အုပ်လှမ်းလို့ ချီလိုက်နော်။
*အဝေးကပင် သံဃာရှင်
မြင်လျှင် မှန်းမျှော် ရှိ-ပူဇော်။
လက်အုပ်လှမ်းလို့ ချီလိုက်နော်။
*စေတီထံပါး သံဃာနား
ဆည်းကပ်ခစား သွားကြသော်
၁၂-တောင်မျှ အရပ်က
လက်အုပ်စလို့ ချီကြနော်။
***လူဆိုတာ***
*အကြောင်းအကျိုး အကောင်းအဆိုး
အကျိုးရှိလား အကျိုးမဲ့လားနှင့်
ဤကားကုသိုလ် အကုသိုလ်ဟု
ခွဲခြားနိုင်မှလူခေါ်တာ။
*ကုသိုလ် ဥစ္စာ တတ်ပညာ
သုံးဖြာအစု ရအောင်ပြု။
*တစ်ခုတစ်မျိုး မရနိုး
အကျိုးမထွက်ထိုနေ့ရက်။
*နေ့ကုန်ရက်စား ထိုင်လူများ
အမှားနောက်နောင် ဒုက္ခဘောင်
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်****
No comments:
Post a Comment