Saturday, December 19, 2015

ကိုယ် ရိုင်း လူရိုင်း မဖြစ်စေနဲ့

                 မင်္ဂလာပါ
         ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

          ဓမ္မံ သရဏံ ဂစ္ဆာမိ။

           သံဃံ သရဏံ ဂစ္ဆာမိ။

*"ဟေ့အကောင်"လို့ မခေါ်နဲ့
"ဟဲ့အကောင်"လို့လည်း ခေါ်လေနဲ့။

*ခနဲ့ တဲ့တဲ့ လှောင်လှောင်ပြောင်ပြောင်
မခေါ်မိအောင် သတိဆောင်။

*"မင်းလိုကောင်ကွာ" ငါကကွ
နင်က"ဟလို့ မပြောရ။

*"မင်းက"ငါက"နင်က"ဆိုတာ
ယဉ်ကျေးသူတိုင်း မပြောပါ။

*"မြန်မာဆိုတာ ယဉ်ယဉ်ကျေးကျေး
သက္ခာရှင်လည်း ယဉ်ယဉ်ကျေးကျေး။
(ကိုယ်ရိုင်းဖြစ်နဲ့လေး လူရိုင်းဖြစ်နဲ့လေး)

***    ****    ****    ****   ****  ****
           ***တရားရှာပါတော့***
*ပစ္စည်းရှာ အလုပ်နှင့်
နေ့ပုပ်လို့ ရက်ကုန်
နစ်မျောလို့ အသက်ကုန်တယ်
တွက်ပုံဖြင့် မကောင်း။

*ခုလိုဖြင့် သံသာဗွေမှာ
ခန္ဓာတွေများခဲ့ ခတောင်း။

*သက်မွေးမှု စခန်းပိုအောင်
ဝမ်းကိုသာ နင်ကျောင်း

*လေးဆယ်ကျော်အရွယ် နှောင်းကာမှ
သူကြွယ်ဟောင်းလုပ်ချင်
မိုးကုန်ပြီး ထွန်မချချင်နှင့်
ရွံ့စရာမှားဖို့ဖြစ်အင်။

*နွားအိုကြီးမမော့သင့်သလို
မလျော့လျှင် ဘဝဆုံးရှာတော့
အစတုံးနှင့်အဆင် လွဲဖို့သာပြင်။
*တရားသို့ မသက်ဝင်လျှင်
အခက်နှင့် ကြုံတွေ့ဖို့လေး။

          ***လူသားများဖြစ်သောကျွန်ုပ်တို့သည်လည်းမောင်သြဇာလိုပဲပစ္စည်းရှာရင်းဖြင့် နေ့ပုပ်လိုရက်ကုန်လာခဲ့ကြချေပြီ။
သံသရာတစ်ကြောမှာ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက်နှင့်ခန္ဓာတွေတစိမျိုးပြီးတစ်မျိုးလှည့်လည်ခိုဝင်နေခဲ့
ကြရသည်။ဝမ်းကျောင်းခြင်းအမှုကမလွတ်မြောက်နိုင်ခဲ့။လေးဆယ်ကျော်ထိတိုက်သူဌေးသူကြွယ်ဖြစ်ချင်တုန်း။မိုးကုန်ပြီ
အချိန်မရှိတော့ဘူး။ထွန်မချချင်ပါနှင့်ငါ့တပည်။နွားအိုကြီးအမော့သင့်သလိုမလုပ်ပါနဲ့တော့။တရားသဘောသက်ဝင်အောင်ကြိုးစားပါ။မကြိုးစားပါကအခက်နှင့်သာကြုံတွေ့ရပါလိပ်မည်။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောပ်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

No comments:

Post a Comment