Saturday, December 12, 2015

မြတ်စွာဘုရားရောင်ခြည်(၆)သွယ်

                မင်္ဂလာပါ။
ကျနော်ခုပြောမှာလေးကတော့မြတ်စွာဘုရားရှင်ရဲ့ရောင်ခြည်(၆)သွယ်အကြောင်းလေးပါ

၁။နီလ=အညို(အပြာ)ရောင်ခြည်တော်

၂။ပီတ=အဝါရောင်ခြည်တော်

၃။လောဟိတ=အနီရောင်ခြည်တော်

၎။သြဒါတ=အဖြူရောင်ခြည်တော်

၅။မဉ္စိတ္ထ=မောင်းသောရောင်ခြည်တော်

၆။ပဘဿရ=ပြိုးပြိုးပြက်ပြက်တလက်လက်သောရောင်ခြည်တော်

မှတ်ချက်=ယခုသုံးနေသော်သာသာနာ့အလံမှာ
မြတ်စွာဘုရား၏ရောင်ခြည်တော်(၆)သွယ်ကိုယူလုပ်ထားခြင်းဖြစ်သည်။

              ***နောင်တတရား(၁၀)ပါး***
၁။အချိန်ရှိခိုက်ငယ်စဉ်ကပညာမသင်မိလေခြင်း

၂။ဥစ္စာမစုဆောင်းခဲ့မိလေခြင်း

၃။သူတပါးအချစ်ကိုဖျက်စီးမိခဲ့လေခြင်း

၎။သူတပါးအသက်ကိုပြစ်မှားမိခဲ့လေခြင်း

၅။သူတပါးသားမယားကိုပြစ်မှားမိခဲ့လေခြင်း

၆။ဥစ္စာပစ္စည်းရှိရဲ့နဲ့မလှူမိခဲ့လေခြင်း

၇။ဆုံးမစကားကိုနားမထောင်မိခဲ့လေခြင်း

၈။မိဘကိုမလုပ်ကျွေးမိလေခြင်း

၉။ပညာရှိထံနည်းခံ၍မသင်ကြားမိခဲ့လေခြင်း

၁၀။မြတ်သောအကျင့်ကိုမကျင့်မိခဲ့လေခြင်း

             ***ဆည်းကပ်ကိုးကွယ်သူဂုဏ်အင်္ဂါ(၇)ပါး
၁။စေတီလေးမျိုး၌လှူဒါန်းခြင်း

၂။သံဃာတော်များကိုလှူဒါန်းခြင်း

၃။ပုဂ္ဂိုလ်အားလှူဒါန်းခြင်း

၎။ဧည့်ပရိတ်သတ်တို့အားလှူဒါန်းခြင်း

၅။မိခင်အာပြုစုစောင့်ရှောက်လုပ်ကျွေးခြင်း

၆။ဖခင်အာပြုစုစောင့်ရှောက်လုပ်ကျွေးခြင်း

၇။အကိုကြီးအမကြီးတို့အားမိဘအရာထား၍ပြုစုလုပ်ကျွေးခြင်း

လင်္ကကာလေး=စေတီ သံဃာ ပုဂ္ဂိုလ်မှာလှူပါ
ပရိတ်သတ် မိခင် ဖခင် အကိုခုနှစ်ရပ်
အနုဂါမိကခုနှစ်ဌာနပြုကြရွှေအိုးမြတ်

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ--
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

No comments:

Post a Comment