မင်္ဂလာပါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
***သူတပါးအိမ်၌မအပ်ထားရသောအရာမျိုး၎ပါး***
၁။ခိုင်းနွား ဆင် မြင်း စသည်
၂။နို့စားနွားမ
၃။လှည်း ရထား စသည်
၎။ဇနီး မယား
***သုတ်မလွတ်သူ၃မျိုး***
၁။နတ်ပြည်၆ထပ်ရှိနတ်များနတ်သ္မီးနှင့်ပေါင်းဆုံးမှီးဝဲသုံးသပ်သော်လည်းသုတ်သည်တည်ရာဌာန၌ပင်ချုပ်ပျောက်သွား၏။
၂။ဗြဟ္မာများမေထုန်မှုမရှိ
၃။ဘုရား ရဟန္တာများ
***သီတင်းသုံးဖော်၇ယောက်lတနည်းမှုလပဏ္ဍာသပါ***
၁။ဘိက္ခု
၂။ဘိက္ခုနီ
၃။သိက္ခာမနာ
၎။သာမဏေရော
၅။သာမဏေရီ
၆။ဥပါသကော
၇။ဥပါသိကာတိဧတေသတ္တသဟဓမ္မစာရိနော။
***သီကြားမင်း၏သ္မီးတော်၎ယောက်***
၁။အာသာ
၂။သိရီ
၃။သဒ္ဓါ
၎။ဟီရီ
***သောင်း၎ရပ်ယူဇနတသောင်းစီကျယ်ဝန်သောအရပ်လေးပါးသာရတ္ထသင်္ဂဟအဋ္ဌကထာနှင့်ဇိနာလင်္ကာရဋီကာမှ***
၁။ငါ့တို့နေရာဇမ္မူဒိပ်ကျွန်း
၂။တာဝတိံသာနတ်ပြည်
၃။အသူရာပြည်
၎။အစီစိငရဲ
***သမာဓိမျိုး၂ပါး***
၁။သမထသမာဓိပညတ်အာရုံဖြစ်သောကသိုဏ်းအသုဘစသည်သမထတာဝနာအာရုံထဲ၌စွဲမြဲနေမှုဈာန်သဘောများ။၂။၂။၂
၂ခဏိကသမာဓိရုပ်နာမ်ဓမ္မတို့၏ခဏမစဲတသဲသဲဖြစ်ပေါ်နေမှုပရမတ်အာရုံထဲ၌ဥဒယဝယဉာဏ်အမြင်စင်ကြယ်နေမှုသဘောတရားများ။
***သမာဓိမျိုး၃ပါး***
၁။သုညတသမာဓိ
၂။အနိမိတ္တသမာဓိ
၃။အပ္ပဏိဟီတသမာဓိ ၎င်းတို့၏အဓိပ္ပာယ်အကျယ်ကို(ဝိဝမာက္ခမျိုး၃ပါး၌ရှုပါ)
***သမာဓိ၏ရန်သူကြီး၎ပါးသမာဓိ၏ရန်သူတို့ကားများစွာရှိကြ၏သို့သော်ဤ၄ပါးကားနီစပ်၍ထင်ရှားသည်ဟူ၏။
၁။ထိန=ကုသိုလ်မှု၌စိတ်ဓါတ်၏လျော့ပါးခြင်းစိတ်မဝင်စားခြင်းမခံ့ခြင်းသဘော။
၂။မိဒ္ဓ=ငိုက်မျဉ်းခြင်း
၃။ဥဒ္ဓစ္စ=စိတ်၏ကုသိုလ်ထံမှအာရုံတပါးသို့ရောက်ရောက်သွားခြင်းပျံ့လွင့်တုန်လှုပ်ခြင်းသဘော။
၎။မိစ္ဆာဝိတက်ကမ္မဋ္ဌာန်းအာရုံမှတပါးသို့ကြာမြင့်စွာရောက်သွားကြံစည်တွေးတောနေမှုများ။
***သုခံဒုက္ခံသဟအာယန္တိဥပဂစ္ဆန္တီတိ သဟာယတော***
***ဆင်းရဲခြင်းချမ်းသာကိုအတူတကွမျှဝေခံစားတတ်သောကြောင့်သူငယ်ချင်းမည်၏။***
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
No comments:
Post a Comment