မင်္ဂလာပါ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
***ဗုဒ္ဓဘာသာအစစ်****
*ဘုရား တရား သံဃာမှန် သုံးပါးသရဏံl
ယုံကြည်စိတ်သန် အားထားဘိl
ဆည်းကပ်ပါ၏ ဂစ္ဆာမိ။
*သရဏဂမန ပါဋိမှန်
သရဏံဂုံ ဖြစ်လာပြန်။
*သရဏဂုံသုံးတန် တည်သူမှ
"လူထွက်ဝတ်"လို့ခေါ်ပါရ။
*ငါးပါးသီလ လုံသူမှာ
လူအစစ်လို့ ခေါ်ပေတာ။
*ရတနာသုံးဖြာ ဂုဏ်စုံသိ
ဗုဒ္ဓဘာသာ မည်ပါဘိ။
*နိဗ္ဗာန်မြင်သိ ဉာဏ်ပေါ်ပေ
အပါယ်တံခါး ပိတ်တော့ချ။
*သောတာပန်လေ တကယ်ဖြစ်
ဗုဒ္ဓဘာသာ အစစ် အစစ်။
***သရဏဂုံ***
*သရဏဂုံ သရဏဂုံ
ကိုးကွယ်ရာစုံ သရဏဂု။
*ဘုရား တရား သံဃာများ
သုံးပါး သရဏဂုံ။
*သရဏဂုံ သရဏဂုံ
အားထားရာစုံ သရဏဂုံ။
*ဘုရား တရား သံဃာများ
သုံးပါး သရဏဂုံ။
*သရဏဂုံ သရဏဂုံ
ဆည်းကပ်ရာစုံ သရဏဂုံ။
*ဘုရား တရား သံဃာများ
သုံးပါး သရဏဂုံ။
*သရဏဂုံ သရဏဂုံ
သုံးပါး သရဏဂုံ။
*ဆင်းရဲပဲဖျောက် ချမ်းသာရောက်
စောင့်ရှောက်တတ်ပေကုန်။ တို့များသရဏဂုံ။
***ဒို့ကိုးကွယ်စရာ(၃)မျိုး***
*ငါ့တို့မှာကိုးကွယ်စရာ
သုံးဖြာ ရှိလေတာ။
ဘုရား တရား သံဃာများ
သုံးပါး ကိုးကွယ်စရာ။
*ငါ့တို့မှာ အားထားစရာ
သုံးဖြာ ရှိလေတာ။
ဘုရား တရား သံဃာများ
သုံးပါး အားထားစရာ။
*ငါ့တို့မှာဆည်းကပ်စရာ
သုံးဖြာ ရှိလတာ။
ဘုရား တရား သံဃာများ
သုံးပါး ဆည်းကပ်စရာ။
မှတ်ချက်=လဲလျောင်းစရာ ပုန်းအောင်စရာ မှီခိုစရာ
စကားလုံးများ သုံး၍လည်း ညီ ညီမငယ်တို့ရွတ်ဆိုပါ၏။
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
No comments:
Post a Comment