Saturday, December 12, 2015

သွေးအရင်မို့မှာပါရစေ

            မင်္ဂလာပါ။

*မြန်မာပီသ အပျိုစင်
ချစ်ဖော်ရွေး ချယ်ရင်
ဘာသာမျိုးတူ မကွဲပြား
ချစ်ဖော် ရွေးပါလား
မြန်မာစစ် ဖြစ်ရတာ
ဂုဏ်ယူဝင့် ကြွားပါ
ကိုယ့်ရင်သွေးမှာ ဇာတိသွေး
မြန်မာစစ်စစ်မွေး။

*ဘဝကြင်ဖော် ချစ်သွေးပျော်
ဘာသာခြားနှင့်နော်
မြန်မာပျိုတွေ တွဲလေတိုင်း
စိတ်များ လွန်ထိုင်းမှိုင်း
ကပြားလေးတွေ တွေ့မြင်ရင်
စိတ်များ မကြည်လင်
အနာဂတ်မြန်မာ လူမျိုးရေး
စိုးရိမ်ပူပန်တွေး။

       ***သွေးရင်းမို့မှာပါရစေ***
*မအိုခင်က အပျိုစင်
ကျန်ုပ်တောင်ပန်ချင်
ပျိုတိုင်းကိုယ်စီ မျိုးချစ်သွေး
ရင်တွင်းပြည်သိပ်မွေး
ဘဝအခြေအနေ ဘယ်လိုနေ
မျိုတူချစ်ကြိုက်လေ
မျိုးချစ်စိတ်ဓါတ်ခိုင်မာရေး
တိုင်းရင်းသားတို့မွေး။

*မွေးကတည်းကသွေးပါလား
မျိုးချစ်သွေးဆိုတာ
မိဘနှစ်ဖြာ မြန်မာသွေး
ဦးစွာမွေးဖွားရေး
မျိုးဇာတိဂုဏ် ကျင့်သိက္ခာ
ထိန်းသိမ်းပေးရမှာ
မြန်မာမှန်လျှင်မျိုးချစ်သွေး
လူတိုင်ကိုယ်စီမွေး။

              ***အနန္တ(၅)ပါး
*ကျေးဇူးဂုဏ် ကျေးဇူးဂုဏ်
ဆပ်လို့မကုန် ကျေးဇူးဂုဏ်။

*ဘုရား တရား သံဃာများ
ပိုင်းခြားမကုန် ကျေးဇူးဂုဏ်။

*ဆရာ မိဘ အနန္တ
ငါးဝ ကျေးဇူးဂုဏ်။

*ကျေးဇူးဂုဏ် ကျေးဇူးဂုဏ်
အဆုံးမရှိကုန်။

*ဟေ့-ကျေးဇူးဂုဏ် ကျေးဇူးဂုဏ်
မဆုံးနိုင်ပါကုန်။

*အနန္တငါးပါး အမြတ်ထား
ဝပ်တွားကြလေကုန်။

ဒီကဗျာလေးတွေကကိုယ်တိုင်ရေးတော့မဟုတ်ပါဘူး
ကြိုက်နှစ်သက်လို့ပြန်မျှဝေခြင်းပါ။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

No comments:

Post a Comment