Wednesday, December 16, 2015

ဒုစရိုက်(၁၀)ပါး

       မင်္ဂလာပါ။
*ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

*ဓမ္မံ သရဏံဂစ္ဆာမိ။

*သံဃံ သရဏံ ဂစ္ဆာမိ။
               ***ဒုစရိုက်(၁၀)ပါး***
***ကာယဒုစရိုက်(၃)ပါး***
၁။သတ္တဝါ၏အသက်ကို သတ်ခြင်း။ ၂။သူတပါး၏ပစ္စည်းကို မတရားယူခြင်း။၃။ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း။
       ***ဝစီဒုစရိုက်(၄)ပါး***
၎။မုသာဝါဒ=လိမ်ပြောခြင်း။၅။ပိသုဏဝါစာ=ကုန်းတိုက်ခြင်း။၆။ဖရုသဝါစာ=ကြမ်းတမ်းရိုင်းစိုင်းသောစကားကိုပြောခြင်း။
၇။သပ္ဖပ္ပလာပ=အကျိုးမရှိ အနှစ်မရှိသော စကားကိုပြောခြင်း။
              ***မနောဒုစရိုက်(၃)ပါး***
၈။အဘိဇ္ဈာ=သူတပါးပစ္စည်းကိုရလိုသမှုရှေ့ရှုကြံစည်စိတ်။၉။ဗျာပါဒ=သူတပါးကို ဖျက်စီးလိုစိတ်။
၁၀။မိစ္ဆာဒိဋ္ဌိ=မှားယွင်းသောအယူဝါဒကိုယုံကြည်ကိုးကွယ်ခြင်း။ ပေါင်းဒုစရိုက်(၁၀)ပါးဖြစ်၏။
             
              ***သုစရိုက်(၁၀)ပါး***
         **** ကာယသုစရိုက်(၃)ပါး***
၁။သတ္တဝါ၏အသက်ကိုသက်ခြင်းမှ ရှောင်ကြည်ခြင်း။ ၂။သူတပါးပစ္စည်းကိုမတရားယူခြင်းမှ ရှောင်ကြည်ခြင်း။
၃။ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ခြင်း။
                     ***ဝစီသုစရိုက်(၄)ပါး****
၎။သစ္စာဝါစာ=မှန်သောစကားကိုပြောဆိုခြင်း။၅။အပိသုဏာဝါစာ=သူတို့နှစ်ဦးတို့ကိုချစ်ခင်ညီညွတ်စေသောအစေ့အစပ်
စကားကိုပြောဆိုခြင်း။၆။သဏှာဝါစာ=နူးညံ့ချိုသာ သာယာပြေပြစ်သောစကားကိုပြောဆိုခြင်း။
၇။မန္တဝါစာ=အကျိုးရှိ၍အနှစ်ပြည့်သောစကားကိုသာပညာဖြင့်ချင့်ချိန်ပြောဆိုခြင်း။
                     ***မနောသုစရိုက်(၃)ပါး***
၈။အနဘိဇ္ဈာ=သူတပါး၏ပစ္စည်းကိုရယူလိုစိတ်မရှိခြင်း။၉။အဗျာပါဒ=သူတပါးကိုဖျက်စီးလိုစိတ်မရှိခြင်း။
၁၀။သမ္မာဒိဋ္ဌိ=မှန်သောဘာသာအယူဝါဒကိုယုံကြည်ကိုးကွယ်ခြင်း။ ပေါင်းသုစရိုက်(၁၀)ပါးဖြစ်၏။

       ***ဆောင်ပုဒ်=သက်သက်ခိုးခြင်း မှားယွင်းကာမ ဤသုံးဝမှတ်ကြ ကာာကံ။
***မုသားကုန်တိုက် ရိုင်းမိုက်ကြမ်းညစ် အနှစ်မပါပြောဆိုတာလေးဖြာ ဝစီကံ။
***သူ့ပစ္စည်းကို ရလိုတွေးကြံ သူပျက်ရန်ကို ကြံစည်စဉ်းစား အယူမှား သုံးပါးမနောကံ။
***ဒုစရိုက်ဆယ်ပါး ရှောင်ကြည်ငြား ဆယ်ပါး သုစရိုက်ကံ။
***ဒုစရိုက်ကံများ ပြုလုပ်ငြား လားရ ပါယ်လေးတန်။
***သုစရိုက်ကံများ ပြုလုပ်ငြား လားရ နတ်နိဗ္ဗာန်။
             
                         ***လူမိုက်လက္ခဏာ(၃)ပါး***

၁။ဒုစ္စိန္တိတစိန္တီ=အပြစ်မကင်းသော အကြံအစည်ကိုသာကြံလေ့ရှိခြင်း။
၂။ဒုဗ္ဘာသိတဘာသီ=အပြစ်မကင်းသောစကားကိုသာပြောဆိုလေ့ရှိခြင်း။
၃။ဒုက္ကဋကမ္မကာရီ=အပြစ်မကင်းသောအလုပ်ကိုသာပြုလုပ်လေ့ရှိခြင်း။

***ဤသုံးပါးသည် လူမိုက်ဟု သိကြောင်း အမှတ် လက္ခဏာများတည်။

                   ***ပညာရှိ သူတော်ကောင်း လက္ခဏာ(၃)ပါး***

၁။သုစိန္တိတစိန္တီ=အပြစ်ကင်းသော အကြံအစည်ကိုသာ ကြံစည်လေ့ရှိခြင်း။
၂။သုဘာသိတာဘာသီ=အပြစ်ကင်းသော စကားကိုသာ ပြောဆိုလေ့ရှိခြင်း။
၃။သုကတကမ္မကာရီ=အပြစ်ကင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း။

***ဤသုံးပါးသည် ပညာရှိသူတော်ကောင်း ဟုသိကြောင်း အမှတ်လက္ခဏာများတည်။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှသရွေ့ တရားတွေ့ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်းအရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

No comments:

Post a Comment