Friday, December 25, 2015

သူတပါးအိမ်၌မအပ်မထားရသောအရာမျိုး၎ပါး

                မင်္ဂလာပါ
       ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
       
        ဓမ္မံ သရဏံ ဂစ္ဆာမိ။

         သံဃံ သရဏံ ဂစ္ဆာမိ။

            ***သူတပါးအိမ်၌မအပ်ထားရသောအရာမျိုး၎ပါး***
၁။ခိုင်းနွား ဆင် မြင်း စသည်
၂။နို့စားနွားမ
၃။လှည်း ရထား စသည်
၎။ဇနီး မယား

            ***သုတ်မလွတ်သူ၃မျိုး***
၁။နတ်ပြည်၆ထပ်ရှိနတ်များနတ်သ္မီးနှင့်ပေါင်းဆုံးမှီးဝဲသုံးသပ်သော်လည်းသုတ်သည်တည်ရာဌာန၌ပင်ချုပ်ပျောက်သွား၏။
၂။ဗြဟ္မာများမေထုန်မှုမရှိ
၃။ဘုရား ရဟန္တာများ

                 ***သီတင်းသုံးဖော်၇ယောက်lတနည်းမှုလပဏ္ဍာသပါ***
၁။ဘိက္ခု
၂။ဘိက္ခုနီ
၃။သိက္ခာမနာ
၎။သာမဏေရော
၅။သာမဏေရီ
၆။ဥပါသကော
၇။ဥပါသိကာတိဧတေသတ္တသဟဓမ္မစာရိနော။

                    ***သီကြားမင်း၏သ္မီးတော်၎ယောက်***
၁။အာသာ
၂။သိရီ
၃။သဒ္ဓါ
၎။ဟီရီ
                    ***သောင်း၎ရပ်ယူဇနတသောင်းစီကျယ်ဝန်သောအရပ်လေးပါးသာရတ္ထသင်္ဂဟအဋ္ဌကထာနှင့်ဇိနာလင်္ကာရဋီကာမှ***
၁။ငါ့တို့နေရာဇမ္မူဒိပ်ကျွန်း
၂။တာဝတိံသာနတ်ပြည်
၃။အသူရာပြည်
၎။အစီစိငရဲ

                    ***သမာဓိမျိုး၂ပါး***
၁။သမထသမာဓိပညတ်အာရုံဖြစ်သောကသိုဏ်းအသုဘစသည်သမထတာဝနာအာရုံထဲ၌စွဲမြဲနေမှုဈာန်သဘောများ။၂။၂။၂
၂ခဏိကသမာဓိရုပ်နာမ်ဓမ္မတို့၏ခဏမစဲတသဲသဲဖြစ်ပေါ်နေမှုပရမတ်အာရုံထဲ၌ဥဒယဝယဉာဏ်အမြင်စင်ကြယ်နေမှုသဘောတရားများ။

                    ***သမာဓိမျိုး၃ပါး***
၁။သုညတသမာဓိ
၂။အနိမိတ္တသမာဓိ
၃။အပ္ပဏိဟီတသမာဓိ ၎င်းတို့၏အဓိပ္ပာယ်အကျယ်ကို(ဝိဝမာက္ခမျိုး၃ပါး၌ရှုပါ)

                ***သမာဓိ၏ရန်သူကြီး၎ပါးသမာဓိ၏ရန်သူတို့ကားများစွာရှိကြ၏သို့သော်ဤ၄ပါးကားနီစပ်၍ထင်ရှားသည်ဟူ၏။
၁။ထိန=ကုသိုလ်မှု၌စိတ်ဓါတ်၏လျော့ပါးခြင်းစိတ်မဝင်စားခြင်းမခံ့ခြင်းသဘော။
၂။မိဒ္ဓ=ငိုက်မျဉ်းခြင်း
၃။ဥဒ္ဓစ္စ=စိတ်၏ကုသိုလ်ထံမှအာရုံတပါးသို့ရောက်ရောက်သွားခြင်းပျံ့လွင့်တုန်လှုပ်ခြင်းသဘော။
၎။မိစ္ဆာဝိတက်ကမ္မဋ္ဌာန်းအာရုံမှတပါးသို့ကြာမြင့်စွာရောက်သွားကြံစည်တွေးတောနေမှုများ။

 ***သုခံဒုက္ခံသဟအာယန္တိဥပဂစ္ဆန္တီတိ သဟာယတော***
***ဆင်းရဲခြင်းချမ်းသာကိုအတူတကွမျှဝေခံစားတတ်သောကြောင့်သူငယ်ချင်းမည်၏။***
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Thursday, December 24, 2015

လူတွေ၏စိတ်နေသဘောထား

           မင်္ဂလာပါ
ဗုဒ္ဓ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။
***ကျနော်ခုပြောပြမှာကစိတ်ပိုသရုပ်ခွဲနည်းလေးပါ။

*အကုသိုလ်စိတ်၁၂ပါး
*လောဘမှုစိတ်၈ပါး
*ဒေါသမှုစိတ်၂ပါး
*မောဟမှုစိတ်၂ပါး

*အဟိစိတ်၁၈ပါး
*အကုသလဝိပါတ်စိတ်၇ပါး
*အဟိတ်ကုသလဝိပါတ်စိတ်၈ပါး
*အဟိတ်ကြိယာစိတ်၃ပါး

*ကာမသောဘဏစိတ်၂၄ပါး
*မဟာကုသိုလ်စိတ်၈ပါး
*မဟာဝိပါတ်စိတ်၈ပါး
*မဟာကြိယာစိတ်၈ပါး

*ကာမဝစရစိတ်၅၄ပါး
*အကုသိုလ်စိတ်၁၂ပါး
*အဟိစိတ်၁၈ပါး
*ကာမသောဘဏစိတ်၂၄ပါး

*ရှုပဝစရစိတ်၁၅ပါး
*ရှုပဝစရကုသိုလ်စိတ်၅ပါး
*ရှုပဝစရဝိပါတ်စိတ်၅ပါး
*ရှုပဝစရကြိယာစိတ်၅ပါး

*အရှုပဝစရစိတ်၁၂ပါး
*အရှုပဝစရကုသိုလ်စိတ်၎ပါး
*အရှုပဝစရဝိပါတ်စိတ်၎ပါး
*အရှုပဝစရကြိယာစိတ်၎ပါး

*လောကုတ္တရာစိတ်အကျဉ်း၈ပါး  အကျယ်၄၀ပါး
*အကျဉ်း၈ပါး*
*မဂ်စိတ်၎ပါး
*ဖိုလ်စိတ်၎ပါး

*အကျယ်၄၀*
*မဂ်စိတ်၂၀
*ဖိုလ်စိတ်၂၀
***အားလုံးပေါင်းတော့စိတ်အကျဉ်း၈၉ပါး*****အကျယ်၁၂၁ပါးမည်၏။
***ကာမဝစရစိတ်ဆိုသည်မှာကာမ၁၁ဘုံရှိသတ္တဝါတို့သန္တာန်မှာအဖြစ်များတဲ့စိတ်ဟုခေါ်၏။
***အဟိစိတ်ဟူသည်ကာ လောဘဒေါသမောဟစတဲ့ဟိတ်များမပါတဲ့စိတ်တွေကိုအဟိစိတ်ဟုခေါ်၏။
***ကာမသောဘဏစိတ်ဟူသည်ကာ ကာမဘုံ၌ဖြစ်တဲ့တင့်တယ်ကောင်းမြတ်တဲ့စိတ်ဟုခေါ်၏။
***ရှုပဝစရစိတ်တာကရှုပ၁၅ဘုံမှာရှိတဲ့ရှုပဗြဟ္မာတို့သန္တာန်မှာအဖြစ်များတဲ့စိတ်ဟုခေါ်၏။
                   ***ကုသိုလ်စိတ်၂၁ပါး***
*မဟာကု၈ပါး
*မဟာဂျွတ်ကု၉ပါး
*လောကုတ်၎ပါး

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Wednesday, December 23, 2015

လောကဓံတရား၈ပါး

           မင်္ဂလာပါ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။
လောကဓံတရား၈ပါး
၁။လာဘ=လာဘ်ရခြင်း
၂။အလာဘ=လာဘ်မရခြင်း
၃။ယသ=အခြွေအရံရှိခြင်း
၎။အယသ=အခြွေအရံမရှိခြင်း
၅။နိန္ဒာ=ကဲ့ရဲ့ခံရခြင်း
၆။ပသံသာ=ချီးမွမ်းခံရခြင်း
၇။သုခ=ချမ်းသာခြင်း
၈။ဒုက္ခ=ဆင်းရဲခြင်း
***သုခံဒုက္ခံသဟအာယန္တိဥပစ္ဆန္တီတိ
သဟာယတော
ဆင်းရဲခြင်းချမ်းသာကိုအတူတကွမျှဝေခံစားတတ်သောကြောင့်သူငယ်ချင်းမည်၏။
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်ချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***မြတ်လေးမောင်***

Saturday, December 19, 2015

ကိုယ် ရိုင်း လူရိုင်း မဖြစ်စေနဲ့

                 မင်္ဂလာပါ
         ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

          ဓမ္မံ သရဏံ ဂစ္ဆာမိ။

           သံဃံ သရဏံ ဂစ္ဆာမိ။

*"ဟေ့အကောင်"လို့ မခေါ်နဲ့
"ဟဲ့အကောင်"လို့လည်း ခေါ်လေနဲ့။

*ခနဲ့ တဲ့တဲ့ လှောင်လှောင်ပြောင်ပြောင်
မခေါ်မိအောင် သတိဆောင်။

*"မင်းလိုကောင်ကွာ" ငါကကွ
နင်က"ဟလို့ မပြောရ။

*"မင်းက"ငါက"နင်က"ဆိုတာ
ယဉ်ကျေးသူတိုင်း မပြောပါ။

*"မြန်မာဆိုတာ ယဉ်ယဉ်ကျေးကျေး
သက္ခာရှင်လည်း ယဉ်ယဉ်ကျေးကျေး။
(ကိုယ်ရိုင်းဖြစ်နဲ့လေး လူရိုင်းဖြစ်နဲ့လေး)

***    ****    ****    ****   ****  ****
           ***တရားရှာပါတော့***
*ပစ္စည်းရှာ အလုပ်နှင့်
နေ့ပုပ်လို့ ရက်ကုန်
နစ်မျောလို့ အသက်ကုန်တယ်
တွက်ပုံဖြင့် မကောင်း။

*ခုလိုဖြင့် သံသာဗွေမှာ
ခန္ဓာတွေများခဲ့ ခတောင်း။

*သက်မွေးမှု စခန်းပိုအောင်
ဝမ်းကိုသာ နင်ကျောင်း

*လေးဆယ်ကျော်အရွယ် နှောင်းကာမှ
သူကြွယ်ဟောင်းလုပ်ချင်
မိုးကုန်ပြီး ထွန်မချချင်နှင့်
ရွံ့စရာမှားဖို့ဖြစ်အင်။

*နွားအိုကြီးမမော့သင့်သလို
မလျော့လျှင် ဘဝဆုံးရှာတော့
အစတုံးနှင့်အဆင် လွဲဖို့သာပြင်။
*တရားသို့ မသက်ဝင်လျှင်
အခက်နှင့် ကြုံတွေ့ဖို့လေး။

          ***လူသားများဖြစ်သောကျွန်ုပ်တို့သည်လည်းမောင်သြဇာလိုပဲပစ္စည်းရှာရင်းဖြင့် နေ့ပုပ်လိုရက်ကုန်လာခဲ့ကြချေပြီ။
သံသရာတစ်ကြောမှာ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက်နှင့်ခန္ဓာတွေတစိမျိုးပြီးတစ်မျိုးလှည့်လည်ခိုဝင်နေခဲ့
ကြရသည်။ဝမ်းကျောင်းခြင်းအမှုကမလွတ်မြောက်နိုင်ခဲ့။လေးဆယ်ကျော်ထိတိုက်သူဌေးသူကြွယ်ဖြစ်ချင်တုန်း။မိုးကုန်ပြီ
အချိန်မရှိတော့ဘူး။ထွန်မချချင်ပါနှင့်ငါ့တပည်။နွားအိုကြီးအမော့သင့်သလိုမလုပ်ပါနဲ့တော့။တရားသဘောသက်ဝင်အောင်ကြိုးစားပါ။မကြိုးစားပါကအခက်နှင့်သာကြုံတွေ့ရပါလိပ်မည်။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောပ်လှမ်း ငြိမ်းချမ်းကြပါစေ---

Wednesday, December 16, 2015

ဒုစရိုက်(၁၀)ပါး

       မင်္ဂလာပါ။
*ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

*ဓမ္မံ သရဏံဂစ္ဆာမိ။

*သံဃံ သရဏံ ဂစ္ဆာမိ။
               ***ဒုစရိုက်(၁၀)ပါး***
***ကာယဒုစရိုက်(၃)ပါး***
၁။သတ္တဝါ၏အသက်ကို သတ်ခြင်း။ ၂။သူတပါး၏ပစ္စည်းကို မတရားယူခြင်း။၃။ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း။
       ***ဝစီဒုစရိုက်(၄)ပါး***
၎။မုသာဝါဒ=လိမ်ပြောခြင်း။၅။ပိသုဏဝါစာ=ကုန်းတိုက်ခြင်း။၆။ဖရုသဝါစာ=ကြမ်းတမ်းရိုင်းစိုင်းသောစကားကိုပြောခြင်း။
၇။သပ္ဖပ္ပလာပ=အကျိုးမရှိ အနှစ်မရှိသော စကားကိုပြောခြင်း။
              ***မနောဒုစရိုက်(၃)ပါး***
၈။အဘိဇ္ဈာ=သူတပါးပစ္စည်းကိုရလိုသမှုရှေ့ရှုကြံစည်စိတ်။၉။ဗျာပါဒ=သူတပါးကို ဖျက်စီးလိုစိတ်။
၁၀။မိစ္ဆာဒိဋ္ဌိ=မှားယွင်းသောအယူဝါဒကိုယုံကြည်ကိုးကွယ်ခြင်း။ ပေါင်းဒုစရိုက်(၁၀)ပါးဖြစ်၏။
             
              ***သုစရိုက်(၁၀)ပါး***
         **** ကာယသုစရိုက်(၃)ပါး***
၁။သတ္တဝါ၏အသက်ကိုသက်ခြင်းမှ ရှောင်ကြည်ခြင်း။ ၂။သူတပါးပစ္စည်းကိုမတရားယူခြင်းမှ ရှောင်ကြည်ခြင်း။
၃။ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ခြင်း။
                     ***ဝစီသုစရိုက်(၄)ပါး****
၎။သစ္စာဝါစာ=မှန်သောစကားကိုပြောဆိုခြင်း။၅။အပိသုဏာဝါစာ=သူတို့နှစ်ဦးတို့ကိုချစ်ခင်ညီညွတ်စေသောအစေ့အစပ်
စကားကိုပြောဆိုခြင်း။၆။သဏှာဝါစာ=နူးညံ့ချိုသာ သာယာပြေပြစ်သောစကားကိုပြောဆိုခြင်း။
၇။မန္တဝါစာ=အကျိုးရှိ၍အနှစ်ပြည့်သောစကားကိုသာပညာဖြင့်ချင့်ချိန်ပြောဆိုခြင်း။
                     ***မနောသုစရိုက်(၃)ပါး***
၈။အနဘိဇ္ဈာ=သူတပါး၏ပစ္စည်းကိုရယူလိုစိတ်မရှိခြင်း။၉။အဗျာပါဒ=သူတပါးကိုဖျက်စီးလိုစိတ်မရှိခြင်း။
၁၀။သမ္မာဒိဋ္ဌိ=မှန်သောဘာသာအယူဝါဒကိုယုံကြည်ကိုးကွယ်ခြင်း။ ပေါင်းသုစရိုက်(၁၀)ပါးဖြစ်၏။

       ***ဆောင်ပုဒ်=သက်သက်ခိုးခြင်း မှားယွင်းကာမ ဤသုံးဝမှတ်ကြ ကာာကံ။
***မုသားကုန်တိုက် ရိုင်းမိုက်ကြမ်းညစ် အနှစ်မပါပြောဆိုတာလေးဖြာ ဝစီကံ။
***သူ့ပစ္စည်းကို ရလိုတွေးကြံ သူပျက်ရန်ကို ကြံစည်စဉ်းစား အယူမှား သုံးပါးမနောကံ။
***ဒုစရိုက်ဆယ်ပါး ရှောင်ကြည်ငြား ဆယ်ပါး သုစရိုက်ကံ။
***ဒုစရိုက်ကံများ ပြုလုပ်ငြား လားရ ပါယ်လေးတန်။
***သုစရိုက်ကံများ ပြုလုပ်ငြား လားရ နတ်နိဗ္ဗာန်။
             
                         ***လူမိုက်လက္ခဏာ(၃)ပါး***

၁။ဒုစ္စိန္တိတစိန္တီ=အပြစ်မကင်းသော အကြံအစည်ကိုသာကြံလေ့ရှိခြင်း။
၂။ဒုဗ္ဘာသိတဘာသီ=အပြစ်မကင်းသောစကားကိုသာပြောဆိုလေ့ရှိခြင်း။
၃။ဒုက္ကဋကမ္မကာရီ=အပြစ်မကင်းသောအလုပ်ကိုသာပြုလုပ်လေ့ရှိခြင်း။

***ဤသုံးပါးသည် လူမိုက်ဟု သိကြောင်း အမှတ် လက္ခဏာများတည်။

                   ***ပညာရှိ သူတော်ကောင်း လက္ခဏာ(၃)ပါး***

၁။သုစိန္တိတစိန္တီ=အပြစ်ကင်းသော အကြံအစည်ကိုသာ ကြံစည်လေ့ရှိခြင်း။
၂။သုဘာသိတာဘာသီ=အပြစ်ကင်းသော စကားကိုသာ ပြောဆိုလေ့ရှိခြင်း။
၃။သုကတကမ္မကာရီ=အပြစ်ကင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း။

***ဤသုံးပါးသည် ပညာရှိသူတော်ကောင်း ဟုသိကြောင်း အမှတ်လက္ခဏာများတည်။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှသရွေ့ တရားတွေ့ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်းအရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

ဗုဒ္ဓဘာသာအစစ်

               မင်္ဂလာပါ။
ဗုဒ္ဓံ  သရဏံ  ဂစ္ဆာမိ။

ဓမ္မံ  သရဏံ  ဂစ္ဆာမိ။

သံဃံ  သရဏံ  ဂစ္ဆာမိ။

     ***ဗုဒ္ဓဘာသာအစစ်****

*ဘုရား တရား သံဃာမှန် သုံးပါးသရဏံl
ယုံကြည်စိတ်သန် အားထားဘိl
ဆည်းကပ်ပါ၏ ဂစ္ဆာမိ။

*သရဏဂမန ပါဋိမှန်
သရဏံဂုံ ဖြစ်လာပြန်။

*သရဏဂုံသုံးတန် တည်သူမှ
"လူထွက်ဝတ်"လို့ခေါ်ပါရ။

*ငါးပါးသီလ လုံသူမှာ
လူအစစ်လို့ ခေါ်ပေတာ။

*ရတနာသုံးဖြာ ဂုဏ်စုံသိ
ဗုဒ္ဓဘာသာ မည်ပါဘိ။

*နိဗ္ဗာန်မြင်သိ ဉာဏ်ပေါ်ပေ
အပါယ်တံခါး ပိတ်တော့ချ။

*သောတာပန်လေ တကယ်ဖြစ်
ဗုဒ္ဓဘာသာ အစစ် အစစ်။

                ***သရဏဂုံ***

*သရဏဂုံ သရဏဂုံ
ကိုးကွယ်ရာစုံ သရဏဂု။

*ဘုရား တရား သံဃာများ
သုံးပါး သရဏဂုံ။

*သရဏဂုံ သရဏဂုံ
အားထားရာစုံ သရဏဂုံ။

*ဘုရား တရား သံဃာများ
သုံးပါး သရဏဂုံ။

*သရဏဂုံ သရဏဂုံ
ဆည်းကပ်ရာစုံ သရဏဂုံ။

*ဘုရား တရား သံဃာများ
သုံးပါး သရဏဂုံ။

*သရဏဂုံ သရဏဂုံ
သုံးပါး သရဏဂုံ။

*ဆင်းရဲပဲဖျောက် ချမ်းသာရောက်
စောင့်ရှောက်တတ်ပေကုန်။ တို့များသရဏဂုံ။

          ***ဒို့ကိုးကွယ်စရာ(၃)မျိုး***
*ငါ့တို့မှာကိုးကွယ်စရာ
သုံးဖြာ ရှိလေတာ။
ဘုရား တရား သံဃာများ
သုံးပါး ကိုးကွယ်စရာ။

*ငါ့တို့မှာ အားထားစရာ
သုံးဖြာ ရှိလေတာ။
ဘုရား တရား သံဃာများ
သုံးပါး အားထားစရာ။

*ငါ့တို့မှာဆည်းကပ်စရာ
သုံးဖြာ ရှိလတာ။
ဘုရား တရား သံဃာများ
သုံးပါး ဆည်းကပ်စရာ။

မှတ်ချက်=လဲလျောင်းစရာ ပုန်းအောင်စရာ မှီခိုစရာ
စကားလုံးများ သုံး၍လည်း ညီ ညီမငယ်တို့ရွတ်ဆိုပါ၏။

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

Saturday, December 12, 2015

မြတ်စွာဘုရားရောင်ခြည်(၆)သွယ်

                မင်္ဂလာပါ။
ကျနော်ခုပြောမှာလေးကတော့မြတ်စွာဘုရားရှင်ရဲ့ရောင်ခြည်(၆)သွယ်အကြောင်းလေးပါ

၁။နီလ=အညို(အပြာ)ရောင်ခြည်တော်

၂။ပီတ=အဝါရောင်ခြည်တော်

၃။လောဟိတ=အနီရောင်ခြည်တော်

၎။သြဒါတ=အဖြူရောင်ခြည်တော်

၅။မဉ္စိတ္ထ=မောင်းသောရောင်ခြည်တော်

၆။ပဘဿရ=ပြိုးပြိုးပြက်ပြက်တလက်လက်သောရောင်ခြည်တော်

မှတ်ချက်=ယခုသုံးနေသော်သာသာနာ့အလံမှာ
မြတ်စွာဘုရား၏ရောင်ခြည်တော်(၆)သွယ်ကိုယူလုပ်ထားခြင်းဖြစ်သည်။

              ***နောင်တတရား(၁၀)ပါး***
၁။အချိန်ရှိခိုက်ငယ်စဉ်ကပညာမသင်မိလေခြင်း

၂။ဥစ္စာမစုဆောင်းခဲ့မိလေခြင်း

၃။သူတပါးအချစ်ကိုဖျက်စီးမိခဲ့လေခြင်း

၎။သူတပါးအသက်ကိုပြစ်မှားမိခဲ့လေခြင်း

၅။သူတပါးသားမယားကိုပြစ်မှားမိခဲ့လေခြင်း

၆။ဥစ္စာပစ္စည်းရှိရဲ့နဲ့မလှူမိခဲ့လေခြင်း

၇။ဆုံးမစကားကိုနားမထောင်မိခဲ့လေခြင်း

၈။မိဘကိုမလုပ်ကျွေးမိလေခြင်း

၉။ပညာရှိထံနည်းခံ၍မသင်ကြားမိခဲ့လေခြင်း

၁၀။မြတ်သောအကျင့်ကိုမကျင့်မိခဲ့လေခြင်း

             ***ဆည်းကပ်ကိုးကွယ်သူဂုဏ်အင်္ဂါ(၇)ပါး
၁။စေတီလေးမျိုး၌လှူဒါန်းခြင်း

၂။သံဃာတော်များကိုလှူဒါန်းခြင်း

၃။ပုဂ္ဂိုလ်အားလှူဒါန်းခြင်း

၎။ဧည့်ပရိတ်သတ်တို့အားလှူဒါန်းခြင်း

၅။မိခင်အာပြုစုစောင့်ရှောက်လုပ်ကျွေးခြင်း

၆။ဖခင်အာပြုစုစောင့်ရှောက်လုပ်ကျွေးခြင်း

၇။အကိုကြီးအမကြီးတို့အားမိဘအရာထား၍ပြုစုလုပ်ကျွေးခြင်း

လင်္ကကာလေး=စေတီ သံဃာ ပုဂ္ဂိုလ်မှာလှူပါ
ပရိတ်သတ် မိခင် ဖခင် အကိုခုနှစ်ရပ်
အနုဂါမိကခုနှစ်ဌာနပြုကြရွှေအိုးမြတ်

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ--
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***

သွေးအရင်မို့မှာပါရစေ

            မင်္ဂလာပါ။

*မြန်မာပီသ အပျိုစင်
ချစ်ဖော်ရွေး ချယ်ရင်
ဘာသာမျိုးတူ မကွဲပြား
ချစ်ဖော် ရွေးပါလား
မြန်မာစစ် ဖြစ်ရတာ
ဂုဏ်ယူဝင့် ကြွားပါ
ကိုယ့်ရင်သွေးမှာ ဇာတိသွေး
မြန်မာစစ်စစ်မွေး။

*ဘဝကြင်ဖော် ချစ်သွေးပျော်
ဘာသာခြားနှင့်နော်
မြန်မာပျိုတွေ တွဲလေတိုင်း
စိတ်များ လွန်ထိုင်းမှိုင်း
ကပြားလေးတွေ တွေ့မြင်ရင်
စိတ်များ မကြည်လင်
အနာဂတ်မြန်မာ လူမျိုးရေး
စိုးရိမ်ပူပန်တွေး။

       ***သွေးရင်းမို့မှာပါရစေ***
*မအိုခင်က အပျိုစင်
ကျန်ုပ်တောင်ပန်ချင်
ပျိုတိုင်းကိုယ်စီ မျိုးချစ်သွေး
ရင်တွင်းပြည်သိပ်မွေး
ဘဝအခြေအနေ ဘယ်လိုနေ
မျိုတူချစ်ကြိုက်လေ
မျိုးချစ်စိတ်ဓါတ်ခိုင်မာရေး
တိုင်းရင်းသားတို့မွေး။

*မွေးကတည်းကသွေးပါလား
မျိုးချစ်သွေးဆိုတာ
မိဘနှစ်ဖြာ မြန်မာသွေး
ဦးစွာမွေးဖွားရေး
မျိုးဇာတိဂုဏ် ကျင့်သိက္ခာ
ထိန်းသိမ်းပေးရမှာ
မြန်မာမှန်လျှင်မျိုးချစ်သွေး
လူတိုင်ကိုယ်စီမွေး။

              ***အနန္တ(၅)ပါး
*ကျေးဇူးဂုဏ် ကျေးဇူးဂုဏ်
ဆပ်လို့မကုန် ကျေးဇူးဂုဏ်။

*ဘုရား တရား သံဃာများ
ပိုင်းခြားမကုန် ကျေးဇူးဂုဏ်။

*ဆရာ မိဘ အနန္တ
ငါးဝ ကျေးဇူးဂုဏ်။

*ကျေးဇူးဂုဏ် ကျေးဇူးဂုဏ်
အဆုံးမရှိကုန်။

*ဟေ့-ကျေးဇူးဂုဏ် ကျေးဇူးဂုဏ်
မဆုံးနိုင်ပါကုန်။

*အနန္တငါးပါး အမြတ်ထား
ဝပ်တွားကြလေကုန်။

ဒီကဗျာလေးတွေကကိုယ်တိုင်ရေးတော့မဟုတ်ပါဘူး
ကြိုက်နှစ်သက်လို့ပြန်မျှဝေခြင်းပါ။

Wednesday, December 9, 2015

လှချင်လျှင်ဘုရားရှိခိုး

                      မင်္ဂလာပါ။

*အိပ်ရာဝင်မည် စိတ်ကြံစည်
ယုံကြည်စိတ်ကိုး ဦးနှိမ်ချိုး
မလေး ဘုရားရှိခိုး။

*အိပ်ရာဝင်မည်စိတ်ကြံစည်
ယုံကြည်စိတ်ကိုး ဦးနှိမ်ချိုး
မောင်လေး ဘုရားရှိခိုး။

*လဝန်းထက်ပင် ဘုရားရှင်
ကြည်လင်ပါလှ သပ္ပာယ်လှ
ရောင်ခြည်ထွန်းလို့ရွှန်းရွှန်းကြွ။

*ဗြဟ္မာနတ်လူ အလှကူ
ဘယ်တူမတုန်း ပြိုင်တိုင်ရှုံး
မြတ်ဘုရား အလှဆုံး။

*အလှဘုရင် ဘုရားရှင်
ဦးတင်ကာသ ရှိခိုးကြ
မ-လေ လှမှာပ။
မောင်လေး လှမှာဗျ။

                  ***လှမ်း---လက်အုပ်ချီ***

*အဝေကပင် ဘုရားရှင်
မြင်လျှင် မှန်းမျှော် ရှိ-ပူဇော်
လက်အုပ်လှမ်းလို့ ချီလိုက်နော်။

*အဝေးကပင် စေတီယင်
မြင်လျှင် မှန်းမျှော် ရှိ-ပူဇော်။
လက်အုပ်လှမ်းလို့ ချီလိုက်နော်။

*အဝေးက မှန် တရားသံ
ကြားပြန် မှန်းမျှော် ရှိ-ပူဇော်။
လက်အုပ်လှမ်းလို့ ချီလိုက်နော်။

*အဝေးကပင် သံဃာရှင်
မြင်လျှင် မှန်းမျှော် ရှိ-ပူဇော်။
လက်အုပ်လှမ်းလို့ ချီလိုက်နော်။

*စေတီထံပါး သံဃာနား
ဆည်းကပ်ခစား သွားကြသော်
၁၂-တောင်မျှ  အရပ်က
လက်အုပ်စလို့ ချီကြနော်။

                   ***လူဆိုတာ***
*အကြောင်းအကျိုး အကောင်းအဆိုး
အကျိုးရှိလား အကျိုးမဲ့လားနှင့်
ဤကားကုသိုလ် အကုသိုလ်ဟု
ခွဲခြားနိုင်မှလူခေါ်တာ။
*ကုသိုလ် ဥစ္စာ တတ်ပညာ
သုံးဖြာအစု ရအောင်ပြု။
*တစ်ခုတစ်မျိုး မရနိုး
အကျိုးမထွက်ထိုနေ့ရက်။
*နေ့ကုန်ရက်စား ထိုင်လူများ
အမှားနောက်နောင် ဒုက္ခဘောင်

***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်****

Monday, December 7, 2015

မြတ်စွာဘုရားရှင်ရဲ့ဉာဏ်တော်(၁၀)ပါး

                    မင်္ဂလာပါ။
ကျနော်ခုပြောပြမှကမြတ်စွာဘုရားရှင်ဉာဏ်တော်(၁၀ပါး)အကြောင်းလေးပါ။

၁။အကြောင်းဟုတ်သည်မဟုတ်သည်ကိုသိမြင်တော်မှုသော်ဌာနာဌာနနကောသလ္လဉာဏ်တော်

၂။ကံ၏အမျိုးကံ၏အကျိုးကိုအမျိုးမျိုးပင်သိမြင်တော်မှုသောကမ္မပိပါကကောသလ္လဉာဏ်တော်

၃။ထိုထိုဂတိအဂတိသို့ရောက်ဘိကြောင်းကျင့်လမ်းကြောင်းကိုကောင်းစွာထင်ထင်သိမြင်တော်တော်မှုသောအနေကစာတု-
နာနာစာတုဉာဏ်တော်

၎။ဓာတ်အများနှင့်ဓာတ်အများတွင်ထူးခြားအင်ကိုသိမြင်တော်မှုသောအနေစာတုနာနာစာတုဉာဏ်တော်

၅။သတ္တဝါတို့၏လွန်ကဲစွဲပိုက်စိတ်အကြိုက်ကိုစိုက်စိုက်ထင်ထင်သိမြင်တော်မှုသောနာနာဝိမုတ္တိကတာဉာဏ်တော်

၆။သတ္တဝါတို့၏ဣနြေ္ဒငါးဆင့်နုအရင်ကိုထောက်ချင့်ကာလျှင်သိမြင်တော်မှုသောဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်

၇။ဈာန်သမာပတ်တရားမြတ်၏ညစ်ကြောင်းဖြူကြောင်းထနိုင်ကြောင်းကိုကောင်းစွာထင်ထင်သိမြင်တော်မှုသောဈာနသံကိ-
လေသာဒီဉာဏ်တော်

၈။ရှေး၌ဖြစ်အင်ခန္ဓာစဉ်ကိုသိမြင်တော်မှုသောပုဗ္ဗေနိဝါသာနဿတိဉာဏ်တော်

၉။စုတေခါနီးသန္ဓေပြီးစဟူသမျှနှင့်သေးလှအာရုံစေးအာရုံကိုအကုန်သိမြင်တော်မှုသောဒိဗ္ဗစက္ခုဉာဏ်တော်

၁၀။အရဟတ္တမဂ်ဉာဏ်မြင့်အာသဝလေးတန်ကုန်ရာအမှန်မြတ်နိဗ္ဗာန်ကိုသိမြင်တော်မှုသောအာသဝက္ခယဉာဏ်တော်

တည်းဟူးသောဉာဏ်အားတော်ဆယ်ပါးနှင့်သမ္ပန္နံပြည်စုံတော်မှုသောဗုဒ္ဓံမြတ်စွာဘုရားကိုအဟဘုရားတပည့်တော်သည်နာမာမိရိုသေးမြတ်နိုးလက်စုံမိုး၍ရှိခိုးပူဇော်ပါ၏မြတ်စွာဘုရား။
*အာလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
*သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ---
*နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---

အဆင်ပြေပါစေ---
ရဲမြင့်ကျော်