အမျိုးဘာသာ သာသနာ / ဘာသာရေးဆိုင်ရာ အသိပညာ
Wednesday, June 15, 2016
Monday, June 6, 2016
စိတ်ထားလို့စိတ်ရှိတယ်
မင်္ဂလာပါ။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤
စိတ်ထားလို့ စိတ်ရှိတယ်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤
လူနဲ့စိတ်နဲ့ မကပ်ဘူးဆိုတဲ့ စကားကို ကြာဖူးကြမှာပေါ့။
လူနဲ့စိတ်နဲ့ မကပ်သူဆိုတာ ဘယ်လိုလူမျိုးကို
ခေါ်တာပါလဲဆိုရင် "ပုထုဇ္ဇနော ဥမ္မတ္တကော"။
ပုထုဇ္ဇနောဆိုတာက ဥမ္မတ္တကော၊ အရိယာမဖြစ်သေးတဲ့
ပုထုဇဉ်မှန်သမျှဟာ လူနဲ့စိတ်နဲ့ မကပ်တဲ့
ဥမ္မတ္တကတွေပါပဲ အရူးတွေပါပဲတဲ့။
များသောအားဖြင့်ကတော့ ပုထုဇဉ်တွေဆိုတာ
လမ်းလျှောက်နေရင် လမ်းလျှောက်တဲ့ဆီမှာ
စိတ်မရှိပါ၊ စိတ်မထားပါ။
လမ်းလျှောက်တဲ့အခါ လမ်းလျှောက်တဲ့ဆီမှာ
စိတ်မရှိရင်၊ အဲဒီလို စိတ်မထားရင် သတိလွတ်နေရင်
ဥမ္မတ္တက အရူးလို့ ခေါ်ပါတယ်။
ထိုင်နေတော့လည်း ထိုင်တဲ့နေရာမှာ သတိမထား၊ သတိမရှိ၊
စိတ်မထား၊ စိတ်မရှိရင် အရူးလို့ခေါ်ပါတယ်။
အရူးမဟုတ်လို့ အကောင်းဆိုရင် ထိုင်နေတဲ့ဆီမှာ
စိတ်ထားလို့ စိတ်ရှိရမယ်။
လမ်းလျှောက်နေတဲ့ဆီမှာ စိတ်ထားလို့စိတ်ရှိရမယ်။
လက်လှုပ်နေရင် လက်လှုပ်တဲ့ဆီမှာစိတ်ထားလို့စိတ်ရှိရမယ်။
အမှန်ကတော့ စိတ်ထားလို့ စိတ်ရှိတယ်ဆိုတာ အာရုံကို သတိထားလို့စိတ်မှာ သတိရှိလာတာကို ပြောတာပါ။
သတိထားရင် သတိရှိပါတယ်။
ဆရာတော် ဓမ္မဒူတ
ဒေါက်တာအရှင်ဆေကိန္ဒ
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
Thursday, June 2, 2016
ဒေါသမထွက်လိုက်ပါနဲ့
မင်္ဂလာပါ
တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။ ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲလို့ ဗုဒ္ဓကိုမေးတယ်။
ဗုဒ္ဓက – အသင် ပုဏ္ဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ ပုဏ္ဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူးတဲ့။
ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။
ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။
ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။
( ဆရာတော် ဦးဇောတိက )
တစက္ကန့်ဒေါသစကား
ပေးဆပ်ရသည်ကအလွန်များ
ဒေါသသည်အကိုသိုလ်တရားဖြစ်၏ပညာမျက်စိကန်းစေသောတရားဖြစ်၏
မိမိသန္တာန်အတွင်း၌ဒေါသဖြစ်လာပါကအကြောင်းအကျိုးအမှန်မသိတော့အကောင်းအဆိုးမခွဲခြားတတ်တော့အကျိုးစီပွားဖြစ်မည့်အရာကိုမဖြစ်ဟုထင်လာသည်မဖြစ်မည့်အကိုကိုဖြစ်မည့်ဟုထင်လာပြီးဖောက်ဖောက်ပြန်ပြန်မမှန်မကယူဆပြုလုပ်တတ်သဖြင့်မိမိရောသူတပါးပါပျက်စီတတ်ပါသည်။
သင်၏ဒေါသအမျက်ထွက်ခြင်းကိုသင့်ကိုမုန်းတီသောသူကသင်ပျက်စီးဆုံးရှုံးတော့မည်ကိုသိသဖြင့်ကြိုက်နှစ်သက်၏။
ဒေါသောအတ္ထံနဇာနာတိ"
ကိုယ့်ကာာကံကိုယ့်ထံပြန်
ကိုယ့်ဝစီကံကိုယ့်ထံပြန်
ကိုယ့်မနောကံကိုယ့်ထံပြန်
ပဲတင့်သံနှင့်အမှန်မလွဲတစ်ထပ်ထဲ
ကိုယ့်ထံသို့ပြန်သုံးပါးကံ
ကိုယ်သာဆင်းရဲခံရပြန်။
***အားလုံးသန္တာန်အမြင်မှန်အမှန်ရပါစေ---
***သတ္တဝါမှန်သရွေ့တရားတွေ့ချမ်းမြေ့ကြပါစေ---
***နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
Thursday, May 26, 2016
ချစ်သူရှိတဲ့မိန်းကလေးများသတိထားဖို့
မင်္ဂလာပါ။
လက်မထပ်ရသေးငြား
တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား
လွဲမှားခဲ့သော်
အရှက်ရလိမ့်
လက်မထပ်ရသေးငြား
တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ
မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်
လက်မထပ်ရသေးငြား
အခွင့်အရေး
များမပေးနှင့်
ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်
အကျိုးနည်းလိမ့်
လက်မထပ်ရသေးငြား
မည်သို့မည်ပုံ
ယုံအောင်လှည့်ဖျား
အတည်ယူမည်
ဘယ်သို့ယူမည်
ကြည်ဖြူပါဟု
သွေးသားအမှု
ခံခဲ့လေသော်
မယုံမှားနှင့်
ကိလေသာစိတ်
ခဏသာယာ
ပြီးခဲ့လေသော်
နောင်တတရား
ရင်ဝယ်ပိုက်
ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။ ။
ပြန်လည်မျှဝေခြင်းပါ။
***အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ---
***အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
Sunday, May 22, 2016
ရုပ်၂၈ပါးအဆက်
မင်္ဂလာပါ။
၎။လက္ခဏာရုပ် ၄-ပါး
၁။ဥပစယ = ရုပ်တို့၏ အစဖြစ်ခြင်းသဘော။
၂။သန္တတိ = ရုပ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်းသဘော။
၃။ဇရတာ = ရုပ်တို့၏ ရင့်ရော်ခြင်းသဘော။
၎။အနိစ္စတာ = ရုပ်တို့၏ ပျက်စီးခြင်း သဘောတို့ဖြစ်ကြသည်။
ဖော်ပြပါရုပ် ၁၀-ပါးကို အနိပ္ဖန္နရုပ်ဟုခေါ်သည်။အနိပ္ဖန္နရုပ် ၁၈-ပါး၊ အနိပ္ဖန္နရုပ် ၁၀-ပါး
ပေါင်းရုပ် ၂၈-ပါးဖြစ်သည်။ထိုရုပ် ၂၈-ပါးတွင် မဟုဘုတ် ၄-ပါးမှတပါး ကျန် ၂၄-ပါး
သောရုပ်တို့သည် မဟာဘုတ် ၄-ပါးကို မှီ၍သာ ဖြစ်သောကြောင့် အမှီရုပ်(ဥပါဒါရုပ်)
ဟုခေါ်သည်။
ရုပ် နာမ် သဘောအဓိပ္ပါယ်
နာမ်၏သဘောအဓိပ္ပါယ်
နာမ်မည်သော တရားများမှာ စိတ်၊စေတသိက်နှင့် နိဗ္ဗာန်တို့ဖြစ်ကြ၏။ထိုတရားများတွင်
စိတ်နှင့်စေတသိက်တို့သည် အာရုံသို့ညွှတ်တတ်၍ အာရုံကိုယူတတ်သိတတ်သောကြောင့်
နာမည်ကြ၏။နိဗ္ဗာန်မှာမူ အာရုံပြုတတ်သော တရားတို့ကို မိမိသို့ ညွတ်စေတတ်သောကြောင့်
နာမ် မည်၏။
ရုပ်၏သဘောအဓိပ္ပါယ်
အအေးအပူစသော ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့်ပြောင်းလဲဖောက်ပြန်သည့် သဘော
များကိုရုပ်ဟုခေါ်သည်။
ဖောက်ပြန်သည်ဆိုရာမှာ ရှေ့ရုပ်အစဉ်နှင့် မတူသောနောက်ရုပ်အစဉ်တစ်မျိုးဖြစ်ပေး ပြောင်းလဲ
သွားခြင်းဖြစ်သည်။
ထိုရုပ်များမှာ ဖော်ပြခဲ့သည့်အတိုင်း ၂၈-ပါးရှိသည်။
ရုပ် ၂၈ ပါးကိုဝေဖန်ခြင်း
ရူပဝိဘာဂ
*ရုပ်၂၈ပါးတို့သည် အလောဘအစရှိသော သမ္မယုတ်ဟိတ်မရှိသည်၏အဖြစ်ကြောင်း အဟေတုကလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် ကံ စိတ် ဥတု အဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့နှင့် တကွဖြစ်သောကြောင်း သပ္ပစ္စယလည်းမည်၏
*ရုပ်၂၈ပါးတို့သည် အာသဝေါတရားလေးပါးတို့၏အာရုံဖြစ်သောကြောင်း သာသဝလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် ကံ စိတ် ဥတု အဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ ပေါင်း၍ ပြုပြင်အပ်သောကြောင်း သင်္ခတမည်၏။
*ရုပ်၂၈ပါးတို့သည် ဥပါဒါန်၏ သင်္ခါရလောက၌အကျုံးဝင်သည်၏အဖြစ်ကြောင်း လောကီယလည်းမညမ၏။
*ရုပ်၂၈ပါးတို့သည် ကာမတဏှာ၏ကျင်လည်ရာဖြစ်သောကြောင်း ကာမာဝစရလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် အာရုံကိုမယူတတ်သည်၏အဖြစ်ကြောင်း အနာရမ္မဏလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန် သမုစ္ဆေဒပဟာန် တို့၏ အစွမ်းအားဖြင့် မပယ်အပ်သည်၏အဖြစ်ကြောင်း အပ္ပဟာတဗ္ဗလည်းမည်၏။
*ပသာဒရုပ်၅ပါးသည် အဇ္ဈတ္တိကရုပ်မည်၏ ကြွင်းသောရုပ်၂၅ပါးသည် ဗာဟိရုပ်မည်၏။
*ပသာဒရုပ၅ပါး ဟဒယရုပ်၁ပါးသည် ဝတ္ထုရုပ်မည်၏ ကြွင်းသောရုပ် ၂၂ပါးသည် အဝတ္ထုမည်၏။
*ပသာဒရုပ်၅ပါး ဝိညတ်ရုပ် ၂ပါးသည် ဒွါရရုပ်မည်၏ ကြွင်းသောရုပ်၂၁ပါးသည် အဒွါရုပ်မည်၏။
*ပသာဒရုပ်၅ပါး ဘာဝရုပ်၂ပါး ဇိဝိတရုပ်၁ပါး သည်ဣန္ဒြိယရုပ်မည်၏ ကြွင်းသောရုပ်၂၀သည် အနိန္ဒြိယရုပ်မည်၏
*ပသာဒရုပ်၅ပါး ဝိသယရုပ်၇ပါး တို့သည် သြဠာရိကရုပ်လည်းမည်၏ သန္တိကေရုပ်လည်းမည်၏ သပ္ပဋိကရုပ်လည်းမည်၏ ကြွင်းသော ၁၆ပါးသောရုပ်သည် သုခုမရုပ် ဒူရေရုပ် အပ္ပဋိကရုပ်တို့မည်၏။
*ကမ္မဇ၁၈ပါးသည် ဥပါဒိန္နရုပ်မည်၏ ထိုမှတစ်ပါးသော တိဇရုပ်သည် မနုပါဒိန္နရုပ်မည်၏။
*ရူပါယတနိသည် သနဒဿ နရုပ်မည်၏ ထိုမှကြွင်းသော၂၇ပါးသောရုပ်သည် အနိဒဿ နရုပ်မည်၏
*ပသာဒရုပ်၅ပါးသည် ဂေါစရဂ္ဂါဟိကရုပ် ကြွင်းသောရုပ် ၂၃ပါးသည် အဂေါစရဂ္ဂါဟိကရုပ်မည်၏
*မဟာဘုတ်၎ပါး ဝဏ္ဏ ဂန္ဒ ရသ သြဇါ တည်းဟူသော ၈ပါးသောရုပ်သည် အဝိနိဘောဂရုပ်မည်၏ ကြွင်းသော၂၀သောရုပ်သည် ဝိနိဘောဂရုပ်မည်၏။

**အဆင်ပြေပါစေ---
***ရဲမြင့်ကျော်***
မင်္ဂလာပါ။
ရုပ် ၂၈ပါး
မဟာဘုတ် ၄ ပါး
နိပ္ဖန္နရုပ် ၁၈-ပါး
၁။မဟာဘုတ် ၄-ပါး
၁။ပထဝီ = ခက်မာခြင်း၊နူးညံ့ခြင်းသဘော။
၂။အာပေါ = ဖွဲ့စည်းခြင်း၊ယိုစီးခြင်းသဘော။
၃။တေဇော = ပူခြင်း၊အေးခြင်းသဘော။
၎။ဝါယော = ထောက်ကန်ခြင်း၊ တွန်းတင်လှုပ်ရှားခြင်းသဘောတို့ဖြစ်သည်။
၂။ပသာဒရုပ် ၅-ပါး
၁။စက္ခုပသာဒ = မျက်စိအကြည်ရုပ်။
၂။သောတပသာဒ = နားအကြည်ရုပ်။
၃။ဃာနပသာဒ = နှာခေါင်းအကြည်ရုပ်။
၎။ဇိဝှါပသာဒ = လျှာအကြည်ရုပ်။
၅။ကာယပသာဒ = ကိုယ်အကြည်ရုပ်တို့ဖြစ်သည်။
၃။ဂေါစရရုပ် ၇-ပါး
၁။ရူပါရုံ = အဆင်းအရောင်အမျိုးမျိုး။
၂။သဒ္ဒါရုံ = အသံအမျိုးမျိုး။
၃။ဂန္ဓာရုံ = အနံ့အမျိုးမျိုး။
၎။ရသာရုံ = အရသာအမျိုးမျိုး။
၅။ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ အမျိုးမျိုး။
၆။ဖောဋ္ဌဗ္ဗာရုံ = ပထဝီ၊ တေဇော၊ ဝါယော
၇။ဖောဋ္ဌဗ္ဗာရုံ = ၃-ပါးတို့ဖြစ်သည်။
(မှတ်ချက်=ပထဝီ၊တေဇော၊ဝါယော ၃-ပါးသည် မဟာဘုတ် ၄-ပါးတွင် ပါဝင်ပြီး
ဖြစ်၍ နပ္ဖန္နရုပ် ၁၈-ပါးကို ရေတွက်ရာ၌ ဂေါစရရုပ်ကို ရူပါရုံမှ ရသာရုံထိ ၄-ပါးသာ
ရေတွက်ရသည်။
၎။ဘာဝရုပ် ၂-ပါး
၁။ဣတ္ထိဘာဝရုပ် = အမ သဘာဝကိုဖြစ်စေသောရုပ်။
၂။ပုမ္ဘာဝရုပ် = အဖို သဘာဝကို ဖြစ်စေသောရုပ်တို့ဖြစ်သည်။
၅။ဟဒယရုပ် ၁-ပါး
၁။ဟဒယဝတ္ထု = စိတ်၏မှီရာနှလုံးအကြည်ရုပ်။
၆။ဇီဝိတရုပ် ၁-ပါး
၁။ရုပ်ဇီဝိတိနြေ္ဒ = ကံကြောင့်ဖြစ်သောရုပ်တို့ကို အသက်ရှင်အောင် စောင့်ရှောက်ခြင်း
သဘော(ရုပ်သက်)
၇။အဟာရရုပ် ၁-ပါး
၁။ကဗဠီကာရ အာဟာရ = စားသောက်ဖွယ်၌ပါသောအနှစ် အစေး သြဇာရုပ်။ဖော်ပြပါ
ရုပ် ၁၈-ပါးတို့ကို ကံ စိတ် ဥတု အဟာရတို့ကြောင့် ဖြစ်ပေါ်သောရုပ်များ
ဖြစ်၍ နိပ္ဖန္န ရုပ်ဟုခေါ်သည်။
အနိပ္ဖန္နရုပ် ၁၀-ပါး
၁။ပရိစ္ဆေဒရုပ် ၁-ပါး
၁။ပရိစ္ဆေဒရုပ် = အာကာသဓာတ် = ရုပ်ကလာပ်တို့ကိုပိုင်းခြားပေးသောရုပ်။
၂။ဝိညတ်ရုပ် ၂-ပါး
၁။ကာယဝိညတ် = မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော ကိုယ်အမူအရာ။
၂။ဝစီဝိညတ် = မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော နှုတ်အမူအရာ
တို့ဖြစ်သည်။
၃။ဝိကာရရုပ် ၅-ပါး
၁။လဟုတာ = ရုပ်တို့၏ပေါ့ပါးခြင်းသဘော။
၂။မုဒုတာ = ရုပ်တို့၏ နူးညံ့ခြင်းသဘော။
၃။ကမ္မညတာ = ရုပ်တို့၏ ခံ့ကျန်းခြင်းသဘော။
၎-၅။ဝိညတ်ရုပ် ၂-ပါး တို့ဖြစ်သည်။
မှတ်ချက်=ဝိညတ်ရုပ် ၂-ပါးမှာ ကာယဝိညတ် ဝစီဝိညတ်အဖြစ် သီးခြားပါပြီးဖြစ်သည်။
***ဆက်ရန်ရှိသေးသည်။

ဘယ်အရာကိုမှမစွဲလမ်းပါနဲ့
မင်္ဂလာပါ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
တွယ်တာမှုကို စွန့်လွှတ်နိုင်မှုနဲ့ပဲ လျော့ချရပါမယ်။
မဟုတ်ရင် တွယ်တာမှုဆိုတာ ...ကြာလေချည်နှောင်ခံရလေ ဖြစ်ပြီး
အဲဒီကတဆင့် ပူလောင်မှုအထိ ဖြစ်စေတော့တာပါ။
တွယ်တာမှုရဲ့သဘောက လူကိုပဲတွယ်တွယ်၊ပစ္စည်းဝတ္ထုကိုပဲတွယ်တွယ် အတွယ်များရင်
အပါယ်အထိတောင် သွားစေတတ်ပါတယ်။
တခါတလေ တစ်ချို့အရာတွေဟာ
အလွန်အကျွံ တွယ်တာမိလိုက်တဲ့အတွက် အဲဒီ ကိုယ်တွယ်ထား၊
ကိုယ်မြတ်နိုးတန်ဘိုးထားတဲ့ အရာတစ်ခု ပျက်ဆီးမှုနဲ့ကြုံတဲ့အခါ
တရားမရှိတဲ့သူဆို ရူးကြောင်ကြောင်တောင်
ဖြစ်သွားတတ်ပါတယ်။
အဲ တွယ်တာမှုကို စွန့်လွှတ်နိုင်တဲ့
စွမ်းအားရှိတဲ့သူကျတော့ ဖြေဆည်ရာကို တရားနဲ့ ရှာသွားနိုင်တော့တာပဲ ဖြစ်ပါတယ်။
စွန့်လွှတ်နိုင်မှုဟာ ရယူလိုမှုကိုလည်း လျော့ချနိုင်သလို ၊
တွယ်တာမှုကြောင့် ခံစားရတဲ့ ပူလောင်မှုကိုလည်း လျော့ချနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် အပူသက်သာချင်ရင် တွယ်ထားတဲ့ အရာမှန်သမျှ စွန့်လွှတ်မှုနဲ့ လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။
ကျနော်နောက်ထက်ပြောချင်တာက
အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။
အဲတော့ဘာကိုဥပေက္ခာပြုသင့်တာကိုပြုကြဖို့ပဲလိုပါတော့တယ်။

Subscribe to:
Posts (Atom)