မင်္ဂလာပါ။
*မိဘတွေက စေစေ ဆရာတွေက ခိုင်းခိုင်း
ဆောင်ရွက်ပါလေ ဘယ်မဆိုင်း။
*ခိုင်းလိုက်တဲ့တိုင်း ဆောင်ရွက်ကာ
ပြန်ရောက်လာတော့ ပန်လျှောက်ပါ။
*ပေါ်မလာကြာ မျော်ကာတွေး
ကြီးသူဆိုတာ ပူတတ်သလေး။
*ကြီးကြီး သေးသေး ကိစ္စသွယ်သွယ်
စိတ်ချရအောင် ဆောင်ရွက်ကွယ်။
*ကြီးတဲ့သူမယ် ချမ်းသာမှ
ငယ်သူတွေလည်း ချမ်းသာရ။
အားလုံးကုန်ပဲ ဝမ်းသာကြ။
* * * * * * * * * * * * * * * *
*ပရိသတ်အကြား နေတတ်ကြ*
*ကြီးသူရှေ့မှာ ဘယ်လိုသွား
ရိုးသေလေးစားကုန်၍သွား။
*ပရိသတ်အလယ်ကြား သွားတဲ့အခါ
ရိုသေလေးစား ကုန်သွားပါ။
*ခရီးဆုံရာ ကြီးသူတွေ့
လေသာရပ်က ရှောင်တတ်စေ့။
*မမေ့လေနှင့် ကြီးသူအရိပ်ကို
မနင်းမိအောင်သတိပို။
*နှုတ်ပြောချိုချို မပမလွှား
ကြီးသူရှေ့နား မဆောင့်ကြွား။
*စကားမများ အာမကျယ်
တဟား ဟားလည်း အော်မရယ်။
*ပရိသတ်ဝယ် အလယ်ကြား
(နေတတ်စေသား နေတတ်စေသား)
သုံးဆယ့်တစ်ဘုံကျင်လည်ကုန်သောဝေနေယျ
သတ္တဝါအပေါင်းကျန်းမာချမ်းသာကြပါစေ----
အဆင်ပြေပါစေ
ရဲမြင့်ကျော်
No comments:
Post a Comment