မင်္ဂလာပါ။
ကဆုန်လပြည့် နေ့ သောကြာ
ဘုရားဖွားတဲ့ နေ့မြတ်ပါ။
သက္ကရာဇ်မှာ ခြောက်ဆယ့်ရှစ်
သုဒ္ဓေါ မင်းဖ-စစ်။
မာယာဒေဝီ မွေးမယ်တော်
ကပိလဝတ် နေပြည်တော်
သာကီမျိုးနော် ထင်ရှားလှ
နွယ်တော် ဂေါတမ။
သိဒ္ဓတ္ထတဲ့ မည်နာမံ
ဆယ့်ခြောက်နှစ်မှာ ထီးနန်းစံ
နှစ်ဆယ့်ကိုးမှာ တောထွက်သွား
ခြောက်နှစ် ကျင့်တရား။
သုံးဆယ့်ငါးနှစ် ပြည့်လေတုံ
တစ်ရာ့သုံးခုကြုံ။
လပြည့်ကဆုန် ဗုဒ္ဓဟူး
ဘုရားဖြစ်တဲ့ နေ့ အထူး။
တရားဦးမြတ် ဓမ္မစက္ကေ
ဝါဆိုလပြည့် ဟောစနေ။
သက်ရှစ်ဆယ်လေ တိုင်အောင်ထိ
သတ္တဝါအကျိုး သယ်ပိုး၏။
သောင်းတိုက်မှူးကြီး တို့မြတ်စွာ
ဘုံသုံးပါးလုံး ထင်ရှားပါ။
လူနတ်ဗြဟ္မာ လွန်ကျော်ကြား
(ငါ့တို့ဘုရား ဒို့ဘုရား။)
အားလုံးသန္တာန် အမြင်မှန် အမှန်ရပါစေ
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ
နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ
အဆင်ပြေပါစေ
ရဲမြင့်ကျော်
No comments:
Post a Comment