မင်္ဂလာပါ
အနန္တတာဝန်တို့အဓိဋ္ဌာန်
ဘုရားကျေးဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။
တရားကျေဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။
သံဃာ့ကျေးဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။
မိဘကျေးဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။
ဆရာကျေးဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။
တိုင်းပြည်ကျေးဇူးစိတ်ကြည်နူး
အထူးကျေအောင်ဆပ်ပါမည်။
ကျေးဇူးမကျေလူမိုက်တွေ
မသွေဖြစ်မှာစိုးရသည်။
ကျေးဇူးဆပ်ကာလူလိမ္မာ
မှန်စွာဖြစ်အောင်ကြိုးစားမည်။
တိုင်ပြည်လူမျိုးများကောင်းကျိုး
သယ်ပိုးရွက်ဆောင်ပြုပါမည်။
တိုင်းပြည်လူမျိုးဘာသာအကျိုး
သယ်ပိုးရွက်ဆောင်ပြုပါမည်။
သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သော ဝေနေယျသတ္တဝါအပေါင်း ကျန်းမာ ချမ်းသာကျပါစေ
အဆင်ပြေပါစေ
ရဲမြင့်ကျော် ( ဓမ္မဘဏ္ဍာ )
No comments:
Post a Comment