Wednesday, August 26, 2015

ဖြစ်မြဲအမှန်လောကဓံ

       မင်္ဂလာပါ
အများဝန်တာ ထမ်းဆောင်ပါက
ဖိလာဆန့်ကျင် မုန်းစိတ်ဝင်၍
ပြစ်တင်မဲ့ရွဲ့ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
တိမ်းစောင်းမရှိ ရှေ့သို့ကြည့်လော။
တို့သာသနာ တို့ပြည်ရွာကို
သာယာစေမှု လုံ့လပြုက
အမှုထွေထွေ ကြုံတွေ့ပေလည်း
စိတ်ရှည်ဇွဲသန်သည်းညည်းခံ၍
ဆောင်ရန်အမှု ကြိုးစားပြုလော့။
ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပရန်ဘေးကင်းစဉ်ဝေးငြိမ်းချမ်းကြပါစေ။
ရဲမြင့်ကျော်

Tuesday, August 25, 2015

ဖြစ်သမျှပျက်

မင်္ဂလာပါ
*ရနံ့သင်းထုံ ပန်းမျိုးစုံလည်း
မြေပုံကြွေကျ အနိစ္စ

*ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းလည်း
ကွေကွင်းကြရ အနိစ္စ
*တိုက်တာမိုးမြေ စိန်ရွှေငွေလည်း
မသွေပျက်ရ အနိစ္စ
*ချစ်ခင်တွယ်တာ ဤခန္ဓာလည်း
အို နာ သေရ အနိစ္စ
*ဒုက္ခဝဋ်ထဲ လွတ်အောင်ခဲဖို့
မမြဲအနိစ္စ ဤဓမ္မကို
နေ့ညမပျက် သတိချပ်လော့။

သတ္တဝါအာလုံးဘေးရန်ခကပ်သိမ်းကင်းငြိမ်းကြပါစေ
ကြောင့်ကြခပ်သိမ်းကင်းငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ
ကိုယ်စိတ်နှစ်ဖြာခိမ်းသာကြပါစေ။
ရ မ က

အနန္တ တာဝန် တို့တာဝန်

မင်္ဂလာပါ

အနန္တတာဝန်တို့အဓိဋ္ဌာန်

ဘုရားကျေးဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။

တရားကျေဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။

သံဃာ့ကျေးဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။

မိဘကျေးဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။

ဆရာကျေးဇူးမြင်းမိုရ်ဦး
အထူးကျေအောင်ဆပ်ပါမည်။

တိုင်းပြည်ကျေးဇူးစိတ်ကြည်နူး
အထူးကျေအောင်ဆပ်ပါမည်။

ကျေးဇူးမကျေလူမိုက်တွေ
မသွေဖြစ်မှာစိုးရသည်။

ကျေးဇူးဆပ်ကာလူလိမ္မာ
မှန်စွာဖြစ်အောင်ကြိုးစားမည်။

တိုင်ပြည်လူမျိုးများကောင်းကျိုး
သယ်ပိုးရွက်ဆောင်ပြုပါမည်။

တိုင်းပြည်လူမျိုးဘာသာအကျိုး
သယ်ပိုးရွက်ဆောင်ပြုပါမည်။

သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သော ဝေနေယျသတ္တဝါအပေါင်း ကျန်းမာ ချမ်းသာကျပါစေ

အဆင်ပြေပါစေ
ရဲမြင့်ကျော် ( ဓမ္မဘဏ္ဍာ )